တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

              တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့်ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၄ ခုနှစ်(ဇန်နဝါရီလ၂၉ရက်ထိ) ပို့ကုန်ကန်ဒေါ်လာ(၃.၃၇၅)သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၇.၅၁၄) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၁၀.၈၈၉)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၉-၁-၂၀၂၄)ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၉၆၅.၇၅၀)တန်၊ တန်ဖိုး(၀.၂၃၂) ဒေါ်လာသန်း၊ထောပတ်သီး(၁၄၇)တန်၊ တန်ဖိုး (၀.၀၈၂) ဒေါ်လာသန်း၊ကြက်သွန်ဖြူ (၁၅)တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ပလပ်စတစ်ဖြတ်စ(၁၆) တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ လိမ္မော်သီး (၂၆.၄)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ(၂၈)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စုစုပေါင်း(၀.၃၉၀)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၉-၁-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၉၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။
 

              တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၂၉-၁-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၁၅၂) ဒေါ်လာသန်း၊ ဒီဇယ် (၀.၁၁၂)ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၂၈) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၃၈) ဒေါ်လာသန်း၊ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၃၀)ဒေါ်လာသန်း၊ကွန်ကရစ်အမိုးပြား (၀.၀၁၆) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၇၈)ဒေါ်လာသန်းအပါအဝင် (၀.၅၅၄) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။