မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်နေ့မှဇန်နဝါရီလ(၂၉)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁)တန်လျှင် (၉၀၉) ဒေါ်လာနှုန်းဖြင့်(၃၃၀) တန် ၊ တန်ဖိုး (၀.၃၀၀) နှင့် ငါးကြိတ်သား (၁)တန်လျှင်(၁၈၅၃)ဒေါ်လာနှုန်းဖြင့် (၁၈) တန် ၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်းတို့အားအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်များလျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်း ဖြင့်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၃၃၃) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ်Anchor - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။
 

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်နေ့မှ ဇန်နဝါရီလ(၂၉)ရက်နေ့အတွင်းသွင်းကုန်တင်သွင်းနှိုင်မှုမရှိခဲ့ပါ။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၀၀) ကျပ်နှင့် ဒီဇယ် (၁)လီတာ (၂၈၈၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။