မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

            မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၉-၂-၂၀၂၄) ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ် (အခြောက်)၊ သတ္တုနှင့်သတ္တုရိုင်းများ၊ ကြက်သွန်နီ၊ ပြောင်း၊ ငရုတ် (အစို) ၊ ပီလောပီနံ (ခြောက်)၊  နှမ်း (နက်) ၊ နွယ်ချို နှင့် ကြာဝတ်ဆံတို့ တင်ပို့ခဲ့ပါသည်။ 
 

            ၉-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ် (အခြောက်)၊ သတ္တု နှင့် သတ္တုရိုင်းများ၊ ကြက်သွန်နီ၊ ပြောင်း၊ ငရုတ် (အစို) ၊ ပီလောပီနံ(ခြောက်)၊  နှမ်း (နက်) ၊ နွယ်ချို နှင့် ကြာဝတ်ဆံတို့ ဖြစ်ပါသည်။

            ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင် ရွက်ပေးလျက်ရှိပါသည်။

            ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံး ပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

            ၉-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ် ကုန်ကြမ်းများ (၀.၃၄၄)ဒေါ်လာသန်း၊ စက်အပိုပစ္စည်းများ(၀.၂၁၉) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ပစ္စည်းများ (၀.၁၁၀) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၀၇၇) ဒေါ်လာသန်း၊ စားသောက်ကုန် (၀.၀၇၂) ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်းများ (၀.၀၆၈) ဒေါ်လာသန်း၊ တိရိစ္ဆာန်အစာ (၀.၀၆၅)ဒေါ်လာသန်း၊ အခြား စက္ကူများ (၀.၀၅၆)ဒေါ်လာသန်း ၊ ဆပ်ပြာ (၀.၀၃၈)ဒေါ်လာသန်းနှင့်  စက်ဆီ/ချောဆီ (၀.၀၃၅) တို့ ဖြစ်ပါ သည်။
 

            ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၉.၅၀)ကျပ်ရှိပြီး ယခုအပတ်တွင် (၉၈.၀၃) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်ကျဆင်းကြောင်း တွေ့ရှိရပါသည်။

            ၉-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်)(၁)တန်လျှင် (၁၄၆၉.၆၅၀) ဒေါ်လာဖြင့် ( ၁၁၉.၀၇၆ ) တန်၊ (၀.၁၇၅) ဒေါ်လာသန်း၊ သတ္ထုနှင့်သတ္ထုရိုင်းများ  (၁) တန် လျှင် (၂၀၄၆.၈၇၅) ဒေါ်လာဖြင့် (၆၄.၀၀၀) တန်၊ (၀.၁၃၁) ဒေါ်လာသန်း ၊ ကြက်သွန်နီ (၁) တန်လျှင် (၄၆၇.၀၇၉) ‌ဒေါ်လာဖြင့် (၁၇၇.၇၀၀) တန် ၊ (၀.၀၈၃) ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၇၀.၈၃၃) ဒေါ်လာဖြင့် (၂၄၀.၀၀၀)တန်၊ (၀.၀၆၅)ဒေါ်လာသန်း ၊ ငရုတ်(အစို) (၁)တန်လျှင် (၃၄၂.၄၆၆)ဒေါ်လာဖြင့် (၁၄.၉၂၀)တန်၊ (၀.၀၅၁)ဒေါ်လာသန်း၊ ပီလောပီနံ (ခြောက်) (၁)တန်လျှင် (၁၄၆.၅၅၂)ဒေါ်လာဖြင့် (၁၁၆.၀၀၀)တန် (၀.၀၁၇)ဒေါ်လာသန်း၊ နှမ်း (နက်) (၁)တန်လျှင် (၁၅၀၀.၀၀၀)ဒေါ်လာဖြင့် (၄.၀၀)တန် (၀.၀၀၆)ဒေါ်လာသန်း၊ နွယ်ချို (၁)တန်လျှင် (၈၆၄.၄၂၉) ဒေါ်လာဖြင့် (၆.၉၄၁)တန်၊ (၀.၀၀၅) ဒေါ်လာ သန်းနှင့် ကြာဝတ်ဆံ (၁)တန်လျှင် (၁၉၄၉.၃၁၈)ဒေါ်လာဖြင့် (၁.၅၃၉) တန် (၀.၀၀၃)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၃.၉၅၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၃၆၁) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၄.၃၁၇) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။