ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOBစနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်း များမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ၂၆ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၃၄၄.၁၂၇)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၀၁၁)သန်းနှင့် သွင်းကုန်တန်ချိန် (၅၉.၅၇၁)တန်၊ (၁၀၀)U၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၂)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁.၀၈၃) သန်း ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၀.၅၀၀)သန်း ဖြစ်ပြီး (၂၆-၂-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၂၇.၆၅၀) ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့သဖြင့် လျာထားချက်အပေါ် (၁၃၄ .၈၇၈ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။
ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အထိ ရေထွက်ပစ္စည်းအုပ်စုတွင် ၁၂၄၄.၁၂၇ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁.၀၀၂ သန်းနှင့် အခြားပစ္စည်း အုပ်စုတွင် ၁၀၀.၀၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၀.၀၀၉ သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခု တစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
စဉ် အမည် အရေအတွက် ဈေးနှုန်း
(၁) ဘောင်းကြေး ၁ ကီလိုဂရမ် ၀.၉၀၀ ဒေါ်လာ
(၂) ပလာတူးခက် ၁ ကီလိုဂရမ် ၀.၈၁၀ ဒေါ်လာ
(၃) ခွေးလျှာ ၁ ကီလိုဂရမ် ၀.၇၈၄ ဒေါ်လာ
(၄) တာတို (100-200 gm) ၁ ကီလိုဂရမ် ၀.၉၀၀ ဒေါ်လာ
(၅) တာဝမ် (100-200 gm) ၁ ကီလိုဂရမ် ၀.၇၉၀ ဒေါ်လာ
(၆) စက်ဟောက် (200-300 gm)၁ ကီလိုဂရမ် ၁.၈၄၂ ဒေါ်လာ
(၇) ငါးနီငယ် ၁ ကီလိုဂရမ် ၁.၀၅၀ ဒေါ်လာ
(၈) ငါးဇင်းပြား ၁ ကီလိုဂရမ် ၀.၇၁၀ ဒေါ်လာ
(၉) ကင်းမွန်လိပ် (200-300 gm) ၁ ကီလိုဂရမ် ၃.၈၆၆ ဒေါ်လာ
(၁၀) ပါကင် ၁ ကီလိုဂရမ် ၀.၄၅၀ ဒေါ်လာ