မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

              မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ (၈-၃-၂၀၂၄)ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်(အခြောက်)၊ ငရုတ်(အစို)၊ပီလောပီနံ(အခြောက်)နှင့် ဖိနပ်(CMP)တို့တင်ပို့ခဲ့ပါသည်။
 

              ၈-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ငရုတ် (အခြောက်)၊ ငရုတ်(အစို)၊ ပီလောပီနံ (အခြောက်)နှင့် ဖိနပ်(CMP)တို့ဖြစ်ပါသည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

              ၈-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ(၁) တန်လျှင် (၃၉၉.၉၅) ဒေါ်လာဖြင့်(၆၇၀.၀၈၁)တန်၊ (၀.၂၆၈)ဒေါ်လာသန်း ၊ ငရုတ်(အခြောက်) (၁)တန်လျှင် (၁၅၂၂.၀၀၇) ဒေါ်လာဖြင့် (၁၆၈.၈၅၆)တန်၊ (၀.၂၅၇)ဒေါ်လာသန်း၊ ငရုတ်(အစို) (၁)တန်လျှင် (၃၁၆.၀၆၇)ဒေါ်လာဖြင့် (၅၆.၉၅၀)တန်၊ (၀.၀၁၈)ဒေါ်လာသန်း၊ ပီလောပီနံ(အခြောက်) (၁)တန်လျှင် (၁၄၄.၆၈၉)ဒေါ်လာဖြင့် (၅၄၆.၀၀၀)တန်၊ (၀.၀၇၉)ဒေါ်လာသန်းနှင့် ဖိနပ်(CMP) 2Uလျှင်(၁.၈၃၁)ဒေါ်လာဖြင့် (၉၂၈၅.၀၀၀)2U၊ (၀.၀၁၇)‌ဒေါ်လာသန်း တို့ဖြစ်ပါသည်။
 

              ၈-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာဆေးဝါးများ (၀.၁၉၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းများ (၀.၁၂၈)ဒေါ်လာAnchorသန်း၊ ချည်ထည်များ (၀.၀၉၄)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၀၉၁)ဒေါ်လာသန်း၊ စားသောက်ကုန်များ (၀.၀၇၆) ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၀၆၀)ဒေါ်လာသန်း၊ စက်မှုကုန်ကြမ်းများ (၀.၀၄၆)‌ဒေါ်လာသန်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၀၄၁)ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၂၂)ဒေါ်လာသန်းနှင့် ဝါယာကြိုး (၀.၀၂၂) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၀)ကျပ်ရှိပြီး ယခုအပတ်တွင် (၁၀၀) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာတည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၈ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၄.၄၅၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၇.၂၅၄) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၁၁.၇၁၀) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။