ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့ နေသောပစ္စည်းများမှာငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း တို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ၂၀ရက်နေ့မှ၂၁ရက်နေ့အထိ ပို့ကုန်တန်ချိန်(၁၇၀၈)၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ(၁.၆၉၂)သန်းနှင့် သွင်းကုန်တန်ချိန် (၃၅၂) ၊ (၂၆၄) BBL ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၀၄)သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၁.၇၉၆) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့ နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ပုစွန်တန်ချိန် (၁.၈၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၉၀၀.၀၀)၊ (၁)တန်ဈေးနှုန်း(၅၅၀၀)အမေရိကန်ဒေါ်လာ၊ ရေဘဝဲတန်ချိန်(၀.၃၂၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၇၁၆.၈၀)၊(၁)တန်ဈေးနှုန်း(၂၂၄၀)အမေရိကန်ဒေါ်လာ၊ငါးဝိုင်းတန်ချိန် (၁၉.၅၂၀)၊တန်ဖိုးအမေရိ ကန်ဒေါ်လာ(၁၇၁၇၇.၆၀)၊ (၁)တန်စျေးနှုန်း(၈၈၀)အမေရိကန်ဒေါ်လာ၊ ငါးမုတ်မဲတန်ချိန်(၂.၆၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၇၂၈.၈၀) ၊ (၁) တန်စျေးနှုန်း (၂၁၇၀) အမေရိကန်ဒေါ်လာ၊ ဘောင်းကြေးငါး တန်ချိန်(၆.၆၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၉၇၆.၀၀)၊(၁)တန် စျေးနှုန်း(၉၀၀)အမေရိကန် ဒေါ်လာ၊ ငါးချဉ်ပေါင်တန်ချိန်(၈၃.၉၉၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၀၈၃၄၇.၁၀)၊ (၁)တန်စျေးနှုန်း(၁၂၉၀) အမေရိကန်ဒေါ်လာ၊ ပလာလန်းငါးတန်ချိန်(၅၃.၃၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၉၃၂၉.၀၀)၊ (၁)တန်စျေးနှုန်း(၁၃၀၀) အမေရိကန်ဒေါ်လာ၊ တာတိုငါးတန်ချိန် (၆၆.၀၃၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၈၃၁၉၇.၈၀)၊ (၁)တန်စျေးနှုန်း (၁၂၆၀)အမေရိကန်ဒေါ်လာ၊ ငါးမဲလုံးတန်ချိန် (၇၆.၁၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၀၆၀၆.၆၀)၊ (၁)တန်စျေးနှုန်း (၁၁၉၀)အမေရိကန်ဒေါ်လာ၊ ပလာတူး ခက်ငါးတန်ချိန် (၃၆၆.၅၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၉၆၉၁၃.၆၀)၊ (၁)တန်စျေးနှုန်း (၈၁၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာဓါတ်ဆီတန်ချိန် (၃၀)တန်၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ(၂၉၀၀၀.၀၀)၊(၁)တန်ဈေးနှုန်း (၉၆၆.၆၆) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့် တန်ချိန် (၃၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၅၀၀) အမေရိကန်ဒေါ်လာ၊ အိုင်အိုဒင်းဆား တန်ချိန် (၂၆၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၇၀၀၀.၀၀) ၊ (၁)တန်ဈေးနှုန်း (၁၀၃.၀၅)အမေရိကန်ဒေါ်လာ၊ငှက်သိုက်တန်ချိန် (၂)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၈၀၀၀.၀၀) ၊ (၁)တန်ဈေးနှုန်း(၄၀၀၀)အမေရိကန်ဒေါ်လာဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းမြို့(၂၂-၁၁-၂၀၂၃)ရက်နေ့ ကျပ်/ဘတ် ငွေလဲနှုန်းနှင့် စက်သုံးဆီစျေးနှုန်း

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၂၂-၁၁-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၃၀.၉၃)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၇) ကျပ်ခန့်(၂၁-၁၁-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့်မြင့်တက်လျက်ရှိသည်။