စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ် ၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

        စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၄)ရက်နေ့မှ (၇)ရက်နေ့အထိအကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ(၀.၃၄၅၈)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ(၀.၀၁၅)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ (၀.၃၆၀၈)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

        တင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့(၁)တန်လျှင်အမေရိကန်ဒေါ်လာ(၁၀၀) နှုန်းဖြင့်(၂၂၂)တန်၊တန်ဖိုး (၀.၀၂၂၂)ဒေါ်လာသန်း၊  ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့်(၁၃၉)တန်၊တန်ဖိုး(၀.၀၁၆)ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင်အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့်(၇၃)တန်၊ တန်ဖိုး(၀.၀၂၁၉) ဒေါ်လာသန်း၊ကွမ်းသီး(၁)တန်လျှင်အမေရိကန်ဒေါ်လာ (၂၃၉၃) နှုန်းဖြင့် (၃၁.၅)တန်၊ တန်ဖိုး (၀.၀၇၅၄)ဒေါ်လာသန်း၊ နနွင်းတက် (၁)တန်လျှင် အမေရိကန် ဒေါ်လာ(၁၂၀၀)နှုန်းဖြင့် (၃)တန်၊ တန်ဖိုး(၀.၀၀၃၆) ဒေါ်လာသန်း၊ ကြက်သွန်နီ (20mm-30mm)(၁)တန် လျှင် အမေရိကန်ဒေါ်လာ (၆၀၀)နှုန်းဖြင့် (၁၈)တန်၊ တန်ဖိုး(၀.၀၀၉၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (25mm-30mm) (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၉၃၀) နှုန်းဖြင့် (၆)တန်၊ တန်ဖိုး (၀.၀၀၅၆) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၁-၂)(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၂၅၀)နှုန်းဖြင့် (၂၆.၄၉၆)တန်၊တန်ဖိုး (၀.၀၃၃၂) ဒေါ်လာသန်း၊ငါးမြစ်ချင်း(၂-၃)(၁)တန်လျှင်အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၃၄.၈)တန်၊ တန်ဖိုး (၀.၀၄၄၅)ဒေါ်လာသန်း၊ငါးမြစ်ချင်း(၃-၅)(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၃၂၀)နှုန်းဖြင့်(၂၉.၄၇၂) တန်၊ တန်ဖိုး (၀.၀၃၈၉) ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ(၅-၈) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၆၀)နှုန်းဖြင့် (၅.၄၂၄)တန်၊ တန်ဖိုး (၀.၀၀၆၈) ဒေါ်လာသန်း၊ငါးသိုင်းခေါင်းပွ(၈ ကီလိုအထက်) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၇.၉၂)တန်၊ တန်ဖိုး (၀.၀၁၁၁) ဒေါ်လာသန်း၊ ငါးသလောက် (၅၀၀-၈၀၀) (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၇၉၀)နှုန်းဖြင့် (၀.၅၄၆)တန်၊ တန်ဖိုး (၀.၀၀၁၅)ဒေါ်လာသန်း၊ငါးသလောက်(၈၀၀-၁၀၀၀) (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၆၉၀) နှုန်း ဖြင့် (၄.၀၅၆)တန်၊ တန်ဖိုး (၀.၀၂၃၁) ဒေါ်လာသန်း၊ ငါးသလောက်(၁၀၀၀-၁၂၀၀) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၆၇၀၀)နှုန်းဖြင့် (၄.၁၈၂)တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ငါးသလောက်  (၁၂၀၀-၁၅၀၀)(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၈၃၃၀)နှုန်းဖြင့် (၀.၃၇၈)တန်၊ တန်ဖိုး (၀.၀၀၃၂) ဒေါ်လာသန်းနှင့် ဆီးယိုထုပ်(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၄)တန်၊ တန်ဖိုး (၀.၀၀၁၀)ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်ပစ္စည်းအနေဖြင့်Writing A 4 Paper (၁)တန် လျှင်အမေရိကန်ဒေါ်လာ (၁၅၀၀)နှုန်းဖြင့် (၁၀)တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ ပါသည်။

        ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၂၀.၀၀)တာကာနှင့် (၁)တာကာလျှင် (၂၆.၆၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ် (၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိှ ကြောင်း သိရှိရပါသည်။

        ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ ပင်လယ်ပြင်ရာသီဥတု အခြေအနေပေါ်မူတည်၍ ကုန်တင်လှေများ သွားလာလျက်ရှိ ပါသည်။

၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၄)ရက်နေ့မှ (၇)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာ ပေါက်စျေးမှာ (၁)တန်လျှင် (၉၃၉၈၄.၉၆)တာကာ၊ ဘိလပ်မြေ(၁)တန်လျှင် (၁၁၂၇၈.၂၀)တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၄၅၇.၃၃)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၄၂၇.၂၆)တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံလျှင် (၄၄၄.၃၆)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၄၅၁.၁၃)တာကာနှင့် သံချောင်း (၁)တန်လျှင် (၆၅၇၈၉.၄၇)တာကာစျေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၆.၆၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

        ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက ထား ထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာ  တားဆီးပိတ်ပင်လျက်ရှိ ကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။