မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ခု နှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့မှ နိုဝင်ဘာလ(၇) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု၊ငါးမှုန့်တစ်တန်လျှင်(၈၉၁)ဒေါ်လာနှုန်းဖြင့်(၃၀၀) တန် ၊ တန်ဖိုး (၀.၂၆၇) ဒေါ်လာ သန်း၊ ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၀)ဒေါ်လာနှုန်းဖြင့်(၁၄.၄)တန်၊ တန်ဖိုး(၀.၀၂၆)ဒေါ်လာ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၂၉၃) ဒေါ်လာသန်းအား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့  တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန် လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့ အတွင်းသွင်းကုန် ဒီဇယ်ဆီတစ်တန်လျှင် (၁၀၂၃) ဒေါ်လာနှုန်းဖြင့်(၁၅၀၀) တန်၊တန်ဖိုး (၁.၅၃၅) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့်ဒီဇယ်တစ် လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ် လျှင် (၉၁) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။