တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ် ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (နိုဝင်ဘာလ ၁ ရက် မှ ၇ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၀.၂၅၂) သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၁.၁၃၀) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၁.၃၈၂) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၆၀) တန်၊ တန်ဖိုး (၀.၁၂၉) ဒေါ်လာသန်း၊လက်ဖက်ခြောက်(၁၆.၈) တန်၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း၊ထောပတ်သီး (၈၂) တန်၊ တန်ဖိုး (၀.၀၄၅)ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၀) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၉၂) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ ပလတ်စတစ်ဖြတ်စ (၄၄) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၇-၁၀-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၉၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် နိုဝင်ဘာလ လျာထားချက်အနေဖြင့် ပို့ကုန်ကန် ဒေါ်လာ(၅)သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၈) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၁၃) သန်းဖြစ် ပြီး နိုဝင်ဘာလ၇ရက်ထိ လျာထားချက်အပေါ် (၁၀.၆၃ %) ဆောင်ရွက်နိုင်ခဲ့ပါသည်။ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ရေနံထွက်ပစ္စည်းများ (၀.၄၇၉) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၁၇) ဒေါ်လာသန်း၊​အခြား ဆောက်လုပ်ရေးသုံးပစ္စည်းများ (၀.၂၂၆) ဒေါ်လာသန်း၊ Two Wheel Tractor without Engine (၀.၀၀၆) ဒေါ်လာသန်းနှင့် အခြားပစ္စည်းများ တန်ဖိုး (၀.၃၀၂) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။