မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

၁။     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ(၂၁-၁၀-၂၀၂၃)ရက်နေ့မှ(၂၃-၁၀-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကွမ်းသီးခြောက်၊ ချင်း(ခြောက်)၊ ရေထွက် ပစ္စည်းများဖြစ်သော ငါးကြိတ်သား၊ ကဏန်း၊ ငါးပါးလျှပ်၊ ပုစွန်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးခွေး လျှာ၊ တွင်းထွက်ပစ္စည်းများ ဖြစ်သော ခဲ/သတ္တုများနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ 

၂။     (၂၁-၁၀-၂၀၂၃)ရက်နေ့မှ(၂၃-၁၀-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

၃။     ယခုအခါထိုင်းနိုင်ငံမှစားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအားမြင့်တက်နေ၍ လတ်တ လောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသ ည်။

၄။     ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့်ငရုတ်များကိုလွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက်လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ် ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

၅။     (၂၁-၁၀-၂၀၂၃) ရက်နေ့မှ (၂၃-၁၀-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေ ဖြင့် တိရိစာ္ဆန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊လျှပ်စစ်ပစ္စည်း၊ စားသောက် ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဓာတ်မြေဩဇာ၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများနှင့် ငါးဖမ်း ပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

၆။     (၂၁-၁၀-၂၀၂၃)ရက်နေ့မှ (၂၃-၁၀-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန် ပစ္စည်းများမှာအဝတ်အထည်၊CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ဖြစ်ပါသည်။

၇။     ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၁.၃၂)ကျပ်ရှိပြီး ယခုအပတ် တွင် (၈၉.၂၈) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် ကျဆင်းလျက်ရှိပါသည်။

၈။     (၁၄-၁၀-၂၀၂၃ မှ ၂၀-၁၀-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီးအထည် (၁၂၅၄၆၉) U၊ (၆.၅၂၄) တန် (၁.၄၈၅)‌ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၆၅၁.၄၃၉) ဒေါ်လာဖြင့် (၁၃၈၆.၁၆၀)တန်  (၀.၉၀၃) ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန် လျှင် (၁၅၈၀.၄၈၄) ဒေါ်လာဖြင့် (၃၄၇.၃၆၂)တန် (၀.၅၄၉) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁)တန်လျှင်(၃၈၅.၃၆၉) ဒေါ်လာဖြင့် (၆၆၆.၈၉၄)တန် (၀.၂၅၇)ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန် လျှင် (၁၄၈၈.၀၉၅)ဒေါ်လာဖြင့်(၁၆၈) တန် (၀.၂၅၀) ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ(၁) တန် လျှင်(၁၄၀၀)ဒေါ်လာဖြင့်(၁၂၀)တန် (၀.၁၆၈) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၁၉၈.၉၇၆) ဒေါ်လာဖြင့်(၆၈၃.၅၀၀) တန် (၀.၁၃၆) ဒေါ်လာသန်း၊ မတ်ပဲ (၁) တန်လျှင် (၁၀၆၂.၅၀၀) ဒေါ်လာ ဖြင့် (၉၆) တန် (၀.၁၀၂) ဒေါ်လာသန်း၊ ပဲတီစိမ်း  (၁) တန်လျှင် (၈၀၀) ဒေါ်လာဖြင့် (၉၀) တန် (၀.၀၇၂)ဒေါ်လာသန်း၊ပြောင်းကြိတ်ဖတ်မှုန့်  (၁) တန်လျှင် (၂၆၃.၃၀၅) ဒေါ်လာဖြင့် (၁၇၈.၅၀၀) တန် (၀.၀၄၇) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

၉။     (၁၄-၁၀-၂၀၂၃ မှ ၂၀-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုး မှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၈၅၀) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၇၅၁) ဒေါ်လာသန်း၊သံနှင့်သံမဏိပစ္စည်းများ (၀.၇၂၈) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက် လုပ်ရေးပစ္စည်းများ (၀.၅၇၇) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်းများ (၀.၄၀၂) ဒေါ်လာသန်း၊ အလှ ကုန်ပစ္စည်းမျိုးစုံ (၀.၃၉၅)ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက် လုပ်ရေးပစ္စည်းများ (၀.၃၆၉) ဒေါ်လာ သန်း၊စက်နှင့်စက်ပစ္စည်းများ(၀.၃၆၃) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၃၅၇) ဒေါ်လာသန်း၊ အခြားစက္ကူ များ (၀.၃၃၉) ဒေါ်လာသန်းတို့ ဖြစ်ပါ သည်။

၁၀။   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၁၅.၁၇၉)ကန်ဒေါ်လာသန်း၊ သွင်းကုန်(၄၈.၉၃၈) ကန်ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ (၆၄.၁၁၈ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။