ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့မှ(၂၄) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၆.၈၃၇) ဒေါ်လာသန်း၊ သွင်းကုန် (၂၃.၁၁၁) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၂၉.၉၄၈)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

        အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ရော်ဘာ (၁၅၄၇.၂၅)တန်၊ တန်ဖိုး (၁.၈၉၅)ဒေါ်လာသန်း၊ဆန်(၁၃၆၆.၀၀)တန်၊တန်ဖိုး(၀.၇၃၄) ဒေါ်လာသန်း၊နှမ်း(နက်) (၅၃၁.၀၀) တန်၊တန်ဖိုး(၀.၈၂၃)ဒေါ်လာသန်း၊ပြောင်း(၂၁၆၇.၀၀)တန်၊တန်ဖိုး(၀.၆၇၆)ဒေါ်လာသန်း၊ ပဲယင်း (၇၇၆.၀၀) တန်၊တန်ဖိုး (၀.၅၈၈)ဒေါ်လာသန်း၊ ဝဥခြောက် (၃၀၃.၈၅)တန်၊ တန်ဖိုး (၀.၅၂၃) ဒေါ်လာသန်း၊ ဆန်ကွဲ(၈၅၀.၇၅)တန်၊တန်ဖိုး(၀.၃၆၉)ဒေါ်လာသန်း၊ထောပတ်ပဲ(၁၃၆.၀၀)တန်၊ တန်ဖိုး (၀.၁၇၆) ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၇၀.၀၀)တန်၊ တန်ဖိုး (၀.၁၅၃)ဒေါ်လာသန်းနှင့် မြေပဲဆံ (၅၁.၀၀)တန်၊ တန်ဖိုး (၀.၀၇၉)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

        အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ(၅.၈၆၀)ဒေါ်လာသန်း၊ ချည်ထည်များ (၃.၆၈၉)ဒေါ်လာသန်း၊ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ (၁.၃၃၁)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းများ (၀.၆၉၇) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ(၀.၅၄၀)ဒေါ်လာသန်း၊ဓာတ်မြေဩဇာ (၀.၅၁၇)ဒေါ်လာသန်း၊သံနှင့်သံမဏိပစ္စည်း များ(ဆောက်လုပ်ရေး)(၀.၄၀၇)ဒေါ်လာသန်း၊ဆေးဝါးပစ္စည်းများ (၀.၂၈၆)ဒေါ်လာသန်း၊ လေအေး ပေးစက်များ (၀.၁၈၅) ဒေါ်လာသန်းနှင့် ဓာတုဗေဒပစ္စည်းများ (၀.၁၇၀)ဒေါ်လာသန်း တင်သွင်း နိုင်ခဲ့ပါသည်။

        ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန် ကားခတစ်ပိဿာလျှင်(၈၀)ကျပ်ရှိကြောင်းသိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခတစ်ပိဿာ လျှင်(၁၇၀)ကျပ်၊ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅) ကျပ် ရှိကြောင်း သိရသည်။ လယ်ယာထွက် ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရပါသည်။

        မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရပါသည်။

တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၂၅)ရက်နေ့အထိ ဆန်မာ တစ်အိတ်လျှင် (၂၁၀) ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် (၂၈၀) ယွမ်၊ ဆန်ကွဲတစ်အိတ်လျှင် (၁၅၀) ယွမ်နှင့် ပြောင်းတစ်အိတ်လျှင် (၁၂၅) ယွမ်ဈေး ပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

        တစ်ဖက်နိုင်ငံ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိရသဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်(နမ့်ဖာဟော်)ကို၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှစ၍ တရုတ်နိုင်ငံ မှယာယီပိတ်ထားခဲ့ရာမှ နမ့်ဖာဟော်တံတားကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့သဖြင့်နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင် နှစ်နိုင်ငံ လူအဝင် အထွက်အား တစ်ဖက်နိုင်ငံမှ ခွင့်ပြုထားခြင်းမရှိသေးသည့်အတွက် ယာဉ်မောင်းများသည် နမ့်ဖာဟော်တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင် ခဲ့ရသည်။၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ(၂၃)ရက် နေ့ (၁၀:၀၀) အချိန်တွင် နှစ်နိုင်ငံ လူအဝင်/ အထွက် အား ပြန်လည် ဖွင့်လှစ်ခဲ့သည်။

        ၂၀၂၃ ခုနှစ်၊အောက်တိုဘာ(၂၅)ရက်နေ့မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာမြန်မာ ငွေကျပ် (၁၀၀)လျှင် တရုတ်ယွမ် (၀.၂၂၇) ယွမ်ဖြစ်ပြီး၊ (၁)ယွမ်လျှင် (၄၄၀) ကျပ်ရှိကြောင်း၊ ၁၆ ပဲအခေါက်ရွှေ (၁) ကျပ်သား (၇၇၂၇၂.၇၂၇) ယွမ်၊ မြန်မာငွေကျပ် (၃၄၀၀၀၀၀) ရှိကြောင်း သိရှိ ရသည်။