မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ
၁။ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါ က ခွင့်ပြုပေးလျက်ရှိပါသည်။
၂။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြားထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှ တောင်းခံလာပါ ကစည်းမျဉ်း၊စည်းကမ်းများနှင့်အညီစိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်နေ့တွင်Form Eထုတ်ပေးမှုမှာ(၄၁)စောင်ဖြစ်ပြီး ဆန်၊ဆန်ကွဲ၊နှမ်းနှက်၊ ကောင်းကောင်း (မရွေး)၊ ရေခဲကဏန်း၊ကဏန်း၊ ငါးရှဉ့်၊ ဝါဂွမ်းနှင့် ချဉ်ပေါင်ဖာလာတို့ လျှောက်ထားမှုရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၄ ရက်အထိ စုစုပေါင်း Form E (၆၅၃)စောင် ခွင့်ပြုထုတ် ပေးခဲ့ပါသည်။
၃။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပို့ကုန်အမှန် တင်ပို့မှုအနေဖြင့် ဝါဂွမ်း (၀.၂၈၉) ဒေါ်လာသန်း၊ ငါးရှဉ့် (၀.၁၀၅) ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ(၀.၀၈၈) ဒေါ်လာသန်း၊ ကဏန်း(၀.၀၇၂) ဒေါ်လာသန်း၊ ဆန် (၀.၀၃၉) ဒေါ်လာသန်း၊ နနွင်းတက် (၀.၀၃၆) ဒေါ်လာသန်း၊ ဆန်ကွဲ(၀.၀၃၂) ဒေါ်လာသန်း၊ ရှောက်ကောသီး(၀.၀၀၉) ဒေါ်လာသန်း၊ ရေခဲပုဇွန် (၀.၀၀၈) ဒေါ်လာ သန်း၊ ဆီးသီးခြောက် (၀.၀၀၇) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့ခဲ့ပါသည်။
၄။ သွင်းကုန်အမှန် တင်သွင်းမှုအနေဖြင့် ဒီဇယ်မီးစက် (၀.၄၀၆) ဒေါ်လာသန်း၊ ဓါတ်ဆီ (၀.၁၃၅) ဒေါ်လာသန်း၊ ဒီဇယ်ဆီ (၀.၁၁၈) ဒေါ်လာသန်း၊ ယာဉ်နှင့်ယာဉ်ယန္တရားများ (၀.၀၈၅) ဒေါ်လာသန်း၊ စပျစ်သီး (၀.၀၅၆) ဒေါ်လာသန်း၊ ဆိုလာပြား (၀.၀၄၇) ဒေါ်လာသန်း၊ မီးခံအုတ် (၀.၀၂၉) ဒေါ်လာသန်း၊ ဖိနပ်မျိုးစုံ (၀.၀၂၉) ဒေါ်လာသန်း၊ လိမ္မော်သီး (၀.၀၂၃)ဒေါ်လာသန်း၊ ဘတ္ထရီ (၀.၀၁၂) ဒေါ်လာသန်း အများဆုံးတင်သွင်းခဲ့ပါသည်။
၅။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ၂၄ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၄၄)စီး၊ သွင်းကုန်ယာဉ်အ စီးရေ(၉၈)စီး၊စုစုပေါင်း(၁၄၂)စီး၊ပို့ကုန်(၀.၇၀၂)ဒေါ်လာသန်း၊ သွင်းကုန်(၁.၄၃၉) ဒေါ်လာသန်း နှင့် ကုန်သွယ်မှုပမာဏ(၂.၁၄၁)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက် နေ့မှ ၂၄ ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၁၃၁၀)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၀၇၀)စီး၊ ကုန်သွယ်မှု (၅၄.၄၈၄)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။
၆။ မြန်မာ - တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာ ငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့်ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက် လျက်ရှိပါသည်။
၇။ မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ (၁) တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁) တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာRSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေ ကြောင်း သိရှိရပါသည်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန် တန်ဖိုး ကန်ဒေါ်လာ (၀.၇၀၂) သန်း ၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၁.၄၃၉) သန်း ၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၂.၁၄၁) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ဝါဂွမ်း (၁၆၅.၅၂၀)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၂၈၉) သန်း၊ ငါးရှဉ့် (၃၄.၉၆၀) တန် ၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၀၅)သန်း၊ ချဉ်ပေါင် ဖာလာ (၄၄.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၈) သန်း၊ ကဏန်း(၁၈.၉၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၂)သန်း၊ ဆန်(၆၈.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၉) သန်း၊ နနွင်းတက် (၆၈.၁၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၆) သန်း၊ ဆန်ကွဲ (၇၀.၅၀၀) တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၀၃၂)သန်း၊ ရှောက်ကောသီး (၁၀.၄၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၉) သန်း၊ ရေခဲပုစွန် (၁၅.၆၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈)သန်းနှင့် ဆီးသီးခြောက် (၁၀၈.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇) သန်း တို့ဖြစ်ပါသည်။
အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဒီဇယ်မီးစက် တန်ဖိုးကန် ဒေါ်လာ (၀.၄၀၆) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၅) သန်း၊ ဒီဇယ်ဆီတန်ဖိုးကန် ဒေါ်လာ(၀.၁၁၈)သန်း၊ယာဉ်နှင့်ယာဉ်ယန္တရားများ တန်ဖိုးကန်ဒေါ်လာ (၀.၀၈၅) သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၆) သန်း၊ ဆိုလာပြား တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၇) သန်း၊ မီးခံအုတ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉) သန်း၊ ဖိနပ်မျိုးစုံ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉) သန်း၊ လိမ္မော်သီး တန်ဖိုးကန်ဒေါ်လာ(၀.၀၂၃)သန်းနှင့်ဘတ္ထရီတန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂) သန်းတို့ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၂၄) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၄.၁၃၁)သန်း၊သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၃၀.၃၅၃) သန်း ၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၅၄.၄၈၄) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၈၇.၇၂၈) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီးလက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။
အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါ သည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ် နှုန်း၊ ကုန်ပွတစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိပါသည်။
(၂၄-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ဝါဂွမ်း (၁) တန် လျှင် ကန်ဒေါ်လာ (၁၇၄၈.၆၈၅) နှုန်း၊ ငါးရှဉ့် (၁)တန်လျှင် ကန်ဒေါ်လာ (၃၀၀၂.၅၀၀) နှုန်း၊ ချဉ်ပေါင် ဖာလာ (၁) တန်လျှင် ကန်ဒေါ်လာ (၂၀၀၁.၂၁၇) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၀၈.၆၉၇) နှုန်း၊ ဆန်(၁)တန်လျှင် ကန်ဒေါ်လာ (၅၆၅.၀၄၃)နှုန်း၊ နနွင်းတက် (၁)တန်လျှင် ကန်ဒေါ်လာ (၅၂၈.၅၉၇) နှုန်း၊ ဆန်ကွဲ (၁)တန်လျှင် ကန်ဒေါ်လာ (၄၅၀.၅၈၂)နှုန်း၊ ရှောက်ကောသီး (၁) တန်လျှင် ကန်ဒေါ်လာ (၈၄၉.၄၈၃) နှုန်း၊ ရေခဲပုစွန် (၁) တန်လျှင် ကန်ဒေါ်လာ (၅၄၈.၅၅၇) နှုန်း၊ ဆီးသီးခြောက် (၁) တန်လျှင် ကန်ဒေါ်လာ (၆၄.၂၆၃)နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါ သည်။
လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်း မွန် လျက်ရှိပါသည်။
၈။ ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့် ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။