မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ
မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာလ(၁၇) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သားတစ်တန်လျှင်(၁၈၀၁)ဒေါ်လာနှုန်းဖြင့်(၂၁.၆၀၀)တန်၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာလ (၁၇)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဓါတ်ဆီတစ်တန်လျှင် (၁၀၂၅)ဒေါ်လာနှုန်းဖြင့်(၆၀၀) တန်၊ တန်ဖိုး (၀.၆၁၅)ဒေါ်လာသန်း၊ငါးဖမ်းပစ္စည်း တစ်တန်လျှင်(၁၂၃၃) ဒေါ်လာနှုန်းဖြင့် (၈.၀၀၀)တန်၊တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ဓါတ်မြေဩဇာတစ်တန်လျှင်(၃၂၅)ဒေါ်လာနှုန်းဖြင့် (၉၇.၅)တန်၊တန်ဖိုး(၀.၀၃၂) ဒေါ်လာသန်း ၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၀.၆၅၇)ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ တစ်လီတာ (၃၀၀၀)ကျပ်နှင့်ဒီဇယ်တစ်လီတာ (၃၀၄၅)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ ဘတ်ငွေလဲ နှုန်းမှာ(၁) ဘတ်လျှင် (၉၁) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။