မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ
၁။ မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ (၁၄-၁၀-၂၀၂၃) ရက်နေ့မှ (၁၆-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ မတ်ပဲ၊ မြေပဲ၊ နှမ်း၊ ကွမ်းသီးခြောက်၊ နနွင်းခြောက်၊ တွင်းထွက် ပစ္စည်းများဖြစ်သည့် ခဲ/သတ္တုများ၊ ငါးဖမ်းပိုက်များနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။
၂။ (၁၄-၁၀-၂၀၂၃) ရက်နေ့မှ (၁၆-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်ပါသည်။
၃။ ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံး ပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။
၄။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှု များတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
၅။ (၁၄-၁၀-၂၀၂၃) ရက်နေ့မှ (၁၆-၁၀-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန် အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန် ပစ္စည်း၊ CMP၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဓာတ်မြေဩဇာ၊ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများတို့ကို တင်သွင်းခဲ့ ပါသည်။
၆။ (၁၄-၁၀-၂၀၂၃) ရက်နေ့မှ (၁၆-၁၀-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာ အဝတ်အထည်၊ CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့် စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။
၇။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၂.၅၉)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၂.၅၉) ကျပ် ဖြစ်ပါသဖြင့် ဘတ်စျေး တည်ငြိမ်လျက်ရှိပါသည်။
၈။ (၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင် (၆၄၁.၅၅၉) ဒေါ်လာဖြင့် (၁၆၃၁.၉၆၀)တန် (၁.၀၄၇) ဒေါ်လာသန်း၊ ချုပ်ပြီး အထည် (၅၈၅၅၉) U၊ (၁၁.၄၃၈) တန် (၀.၈၈၅)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၃၅.၀၀၆) ဒေါ်လာဖြင့် (၃၃၆.၃၉၀)တန် (၀.၅၅၀) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၀၀.၃၅၃) ဒေါ်လာဖြင့် (၆၇၆.၉၀၂)တန် (၀.၂၇၁)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်း များ (၁) တန်လျှင် (၁၃၃၅.၃၆၅) ဒေါ်လာဖြင့် (၁၆၄) တန် (၀.၂၁၉) ဒေါ်လာသန်း၊ နှမ်းဖြူ (၁) တန်လျှင် (၂၁၀၄.၁၆၆) ဒေါ်လာဖြင့် (၉၆) တန် (၀.၂၀၂) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၀.၆၄၇) ဒေါ်လာဖြင့် (၇၇၂.၅၀၀) တန် (၀.၁၅၅) ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၅၂၇.၇၇၇) ဒေါ်လာဖြင့် (၇၂) တန် (၀.၁၁၀) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း (၁) တန်လျှင် (၃၄၃၇.၅၀၀) ဒေါ်လာဖြင့် (၁၂.၈၀၀) တန် (၀.၀၄၄) ဒေါ်လာသန်း၊ ဂျင်းခြောက် (၁) တန်လျှင် (၉၉၅.၀၂၅) ဒေါ်လာဖြင့် (၁၄.၀၇၀) တန် (၀.၀၁၄) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။
၉။ (၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုး မှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၁.၅၇၇) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေး ပစ္စည်းများ (၁.၀၁၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၉၅၂) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၉၂၅) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၆၇၀) ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ (၀.၆၄၀) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၅၈၉) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၅၆၂) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၅၄၉) ဒေါ်လာသန်းနှင့် မော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်း များ (၀.၃၉၆) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။
၁၀။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၁.၅၀၇) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၃၅.၁၄၆) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄၆.၆၅၃ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။