ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ရက်နေ့မှအောက်တိုဘာ ၀၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၂၃၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၃၄၇)သန်း နှင့် သွင်းကုန် တန်ချိန် (-) ၊ BBL (၆၃၉)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၈၅)သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၁.၄၃၂) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ငါးလိပ်ကျောက်တန်ချိန် (၂.၄၈၀)၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ (၅၁၃၃.၆၀) ၊ (၁) တန် ဈေးနှုန်း (၂၀၇၀) အမေရိကန်ဒေါ်လာ၊ သဲတိုးတန်ချိန် (၄.၈၄၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၃၄၀.၄၀)၊ (၁) တန်ဈေးနှုန်း (၁၃၁၀) အမေရိကန်ဒေါ်လာ၊ ကုလားကုတ် တန်ချိန် (၄.၆၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၇၃၀၀.၈၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀)အမေရိကန် ဒေါ်လာ၊ ကြိမ်မွေ့တောင်း တန်ချိန် (၃၃.၆၈၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၂၅၄၀.၈၀)၊ (၁)တန် စျေးနှုန်း (၁၅၆၀) အမေရိကန်ဒေါ်လာ၊ ရေကြည်ငါးတန်ချိန် (၇.၂၂၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၄၈၇.၇၅၀)၊ (၁)တန် စျေးနှုန်း (၁၅၉၀) အမေရိကန်ဒေါ်လာ၊ ပလာလန်းတန်ချိန် (၃၅.၄၃၅)၊ တန်ဖိုး (၁၃၅.၃၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၁၈၂၄.၀၀)၊(၁)တန်စျေးနှုန်း (၉၀၀)အမေရိကန်ဒေါ်လာ၊ ငါးပါကင် တန်ချိန်(၉၆.၉၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၁၀၆၅.၉၀)၊ (၁)တန်စျေးနှုန်း (၆၃၀.၆၅၁) အမေရိကန်ဒေါ်လာ၊ ကဏန်း တန်ချိန် (၉.၅၆၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၇၁၈၈.၄၀)၊ (၁)တန် (၁)တန်စျေးနှုန်း (၂၂၄၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

          အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ဓါတ်ဆီ တန်ချိန် (၃၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၁၀၀၀) ၊ (၁) တန်ဈေးနှုန်း (၁၀၃၃.၃၃) အမေရိကန်ဒေါ်လာ၊ ဒီဇယ်ဆီ တန်ချိန် (၅၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၄၀၀၀) ၊ (၁) တန်ဈေးနှုန်း (၁၀၈၀.၀၀) အမေရိကန်ဒေါ်လာ ဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၂-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၉၃)ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၁.၅) ကျပ်ခန့် (၁-၁၀-၂၀၂၃) နှင့် နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်း များအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၀၅၀) ကျပ်ဖြင့်တည်ငြိမ် လျက်ရှိသည်။