မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်၊ သွင်းကုန် တင်ပို့နိုင်မှုအခြေအနေ

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၅၂) ဒေါ်လာနှုန်းဖြင့်(၄၃.၂) တန်၊တန်ဖိုး (၀.၀၈၀)ဒေါ်လာသန်း၊ ငါးမှုန့်တစ်တန်လျှင် (၉၀၈)ဒေါ်လာနှုန်းဖြင့်(၃၀၀)တန် ၊ တန်ဖိုး (၀.၂၇၂) ဒေါ်လာသန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၃၅၂) ဒေါ်လာသန်းအား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင် သို့တင်ပို့ နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်း) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်း ကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရ ပါသည်။

        မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်စက်တင်ဘာလ (၂၅)ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီတစ်တန်လျှင်(၉၉၉)ဒေါ်လာနှုန်းဖြင့် (၁၃၀၀) တန်၊ တန်ဖိုး(၁.၂၉၉)ဒေါ်လာသန်း၊ဓါတ်ဆီတစ်တန်လျှင်(၁၀၄၁) ဒေါ်လာနှုန်းဖြင့် (၆၁၉) တန် ၊တန်ဖိုး (၀.၆၄၄) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၉၄၃)ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင်ဓာတ်ဆီတစ်လီတာ(၃၀၀၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၁) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။