တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၉-၉-၂၀၂၃ မှ ၁၅-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၁၂၄.၅) တန်၊ တန်ဖိုး (၀.၂၆၃)ဒေါ်လာသန်း၊ ကြက်သွန်နီ (၈၀) တန်၊တန်ဖိုး(၀.၀၇၁) ဒေါ်လာသန်း၊ ရာဘာစေး (၁၄၀) တန်၊ တန်ဖိုး (၀.၁၁၉) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း ၊ဆေးရွက်ကြီး (၄၄) တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၆၂၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ် တင်ပို့မှုတွင် ပါဝင်သော ဆေးရွက်ကြီး(၄၄)တန်မှာ  တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်ကြေငြာလွှာ(ED) ဖွင့်လှစ်၍ ကျိုင်းလပ် ကုန်သွယ်ရေးစခန်းမှတဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲ နှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၄၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး သုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၄၅၄) ဒေါ်လာသန်း၊ ဒီဇယ် (၀.၂၈၆) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၂၈၀) ဒေါ်လာသန်း၊စက်နှင့်စက်ပစ္စည်းများ   (၀.၀၅၃) ဒေါ်လာ သန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၁၃) ဒေါ်လာသန်း ၊ သံနှင့်သံမဏိ ဆောက် လုပ်ရေးပစ္စည်းများ (၀.၀၇၀) ဒေါ်လာသန်း ၊ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၂၆) ဒေါ်လာသန်း ၊ သုတ်ဆေး/ပေါလစ်များ (၀.၀၁၁) ဒေါ်လာ သန်း၊ တာယာနှင့်ကျွတ်များ (၀.၀၃၃) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၁.၃၃၆) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ဈေးနှုန်းအနေဖြင့် ဒီဇယ်ဆီတစ်တန်လျှင် (၁၀၇၅)ဒေါ်လာ ၊ ဓါတ်ဆီတစ်တန် လျှင်(၁၁၁၀) ဒေါ်လာဖြစ်ပါသည်။