ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့

                  ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ ဖြစ်သည်။

                ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ရက်နေ့မှ ၅ ရက်နေ့အထိ ပို့ကုန်တန်ချိန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၄၇၂)သန်း၊ သွင်းကုန်တန်ချိန် BBL၊ (-) U၊ တန်ဖိုး အမေရိကန် ဒေါ်လာ(၀.၀၀၅)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၄၇၇) သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ငါးနီငယ် တန်ချိန် (၁၄၈.၇၉၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ(၁၅၆၂၂၉.၅)၊(၁)တန်ဈေးနှုန်း(၁၀၅၀) အမေရိကန်ဒေါ်လာ၊ ကဗျက်တန်ချိန် (၅၀.၈၃၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၄၈၉၆.၄၀)၊ (၁) တန်ဈေးနှုန်း (၁၀၈၀) အမေရိကန် ဒေါ်လာ၊ တာဝမ် တန်ချိန်(၆၇.၆၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၃၄၅၁.၄၀)၊ (၁)တန်စျေးနှုန်း (၇၉၀) အမေရိကန် ဒေါ်လာ၊ ငါးခွေးလျှာတန်ချိန်(၉.၅၁၃)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၆၅၄.၅၆)၊(၁)တန် စျေးနှုန်း (၁၁၂၀)အမေရိကန်ဒေါ်လာ၊ပလာတူးတန်ချိန် (၂၈.၁၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၅၆၇.၄၀)၊ (၁)တန် စျေးနှုန်း(၉၈၀)အမေရိကန်ဒေါ်လာ၊ငါးဝိုင်းတန်ချိန် (၁၀.၄၀၀)၊တန်ဖိုးအမေရိ ကန်ဒေါ်လာ (၉၁၅၂.၀၀)၊(၁)တန်စျေးနှုန်း(၈၈၀)အမေရိကန်ဒေါ်လာ၊ ရေကြည်ငါးတန်ချိန် (၄.၅၇၀)၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ (၇၂၆၆.၃၀)၊ (၁)တန်စျေးနှုန်း (၁၅၉၀)အမေရိကန်ဒေါ်လာ၊ ငါးစက္ကူ တန်ချိန် (၁.၆၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၃၄၉၄.၄၀)၊ (၁)တန်စျေးနှုန်း (၂၀၈၀) အမေရိကန် ဒေါ်လာ၊ ဘေးဝါတန်ချိန်(၂၅.၉၂၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၀၄၇၆.၈၀)၊ (၁)တန်စျေးနှုန်း (၇၉၀) အမေရိ ကန်ဒေါ်လာ၊ပုစွန်တန်ချိန် (၃.၆၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၉၀၃၂.၀၀)၊ (၁)တန်စျေး နှုန်း (၅၂၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

             အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ကျောက်ချဉ်တန်ချိန် (၃၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၅၀၀၀)၊(၁)တန်ဈေးနှုန်း(၁၆၁.၂၉) အမေရိကန်ဒေါ်လာဖြစ်ပြီးငါးသယ် လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀၀/- ကျပ် ရှိကြောင်း သိရှိရသည်။