မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၇ ရက်နေ့

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ(၂-၉-၂၀၂၃)ရက်နေ့မှ(၄-၉-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများ ဖြစ်သည့် ပြောင်း၊ ငရုတ်၊ ဂေါ်ဖီ၊ နှမ်း၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက် နှင့်‌ ရေထွက်ပစ္စည်းများဖြစ်သည့် ဂုံး၊ ဂဏန်း၊ ငါးမြွေထိုး၊ ငါးခွေးလျှာ၊ ငါးပါးလျှပ်နှင့်ငါးကြင်းစီ ဖောင်းတို့ကိုတင်ပို့ခဲ့ပါသည်။ 

၂။     (၂-၉-၂၀၂၃)ရက်နေ့မှ (၄-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများ မှာ ငရုတ် နှင့် ကြက်သွန်နီ တို့ဖြစ်ပါသည်။

၃။     ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့် အတူအသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြှင့်တက် နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

၄။     ပုပ်သိုးပျက်စီးလွယ်သည့်ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန် နီနှင့်ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစီးပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

၅။     (၂-၉-၂၀၂၃) ရက်နေ့မှ (၄-၉-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်း တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စက်ဘီးအပိုပစ္စည်း၊ အဝတ်အထည်၊ စာရေးကိရိယာ၊  ကားအပိုပစ္စည်း၊  ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ အိမ်သုတ်ဆေး၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊အလှကုန်ပစ္စည်း၊GARMENT ၊ ဆေးဝါးများ၊ဖိနပ် ၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊လူသုံးကုန်ပစ္စည်း၊စက်ရုံသုံးပစ္စည်း၊စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဓါတ်မြေသြဇာ နှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

၆။     (၂-၉-၂၀၂၃)ရက်နေ့မှ(၄-၉-၂၀၂၃)ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာအဝတ်အထည်၊GARMENT ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံ၊ လူသုံးကုန်ပစ္စည်းနှင့် ဓါတ်မြေသြဇာတို့ဖြစ်ပါသည်။

၇။     ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၄.၁၆)ကျပ်ရှိပြီး ယခုအပတ် တွင် (၁၀၃.၀၉) ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ်ကျဆင်းခဲ့ပါသည်။

၈။     (၂၆-၈-၂၀၂၃မှ၁-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ  ပြောင်း (၁)တန်လျှင်ပျမ်းမျှ(၂၇၈.၉၂၇)‌ဒေါ်လာဖြင့်(၁၃၀၈၅.၈၆၀)တန် (၃.၆၅၀)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၅၅၅.၇၄၆) ဒေါ်လာဖြင့် (၁၄၅၃.၉)တန်  (၀.၈၀၈) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁)ယူနစ်လျှင်(၁၃.၁၆၆)ဒေါ်လာဖြင့်(၉၂၆၆)U(၀.၁၂၂)‌ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန် လျှင်(၁၆၈၃.၁၃၂) ဒေါ်လာဖြင့် (၈၁.၉၉၀)တန် (၀.၁၃၈)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၂၈.၁၃၂) ဒေါ်လာဖြင့် (၃၂၂.၃၃၀)တန် (၀.၁၃၈)ဒေါ်လာသန်း၊ ကွမ်းသီး (၁)တန်လျှင် (၁၄၉၂.၈၅၇) ‌ဒေါ်လာဖြင့် (၁၄၀.၀၀၀)တန် (၀.၂၀၉)ဒေါ်လာသန်း၊ နှမ်းဖြူ (၁)တန်လျှင် (၁၈၀၀)‌ ဒေါ်လာဖြင့် (၃၀.၀၀၀)တန် (၀.၀၅၄) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၀) ဒေါ်လာဖြင့် (၁၄၀.၀၀) တန် (၀.၀၂၈) ဒေါ်လာ သန်း၊ ဂဏန်း (၁)တန်လျှင် (၉၅၂.၃၈၀) ဒေါ်လာဖြင့် (၄.၂၀၀) တန် (၀.၀၀၄) ဒေါ်လာသန်းနှင့် အခြားရေထွက်ပစ္စည်း (၁)တန်လျှင် (၃၅၂၉.၄၁၁)‌ ဒေါ်လာဖြင့် (၂.၅၅၀) တန် (၀.၀၀၉) ဒေါ်လာသန်း တို့ဖြစ်ပါ သည်။

၉။     (၂၆-၈-၂၀၂၃မှ၁-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀) မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၃၃၅) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၁.၅၁၁) ဒေါ်လာသန်း၊တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်းများ(၀.၅၄၂) ဒေါ်လာသန်း၊ စက်နှင့် စက်အပိုပစ္စည်းများ (၀.၅၁၅) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၄၇၉) ဒေါ်လာသန်း၊ လေအေးစက်များ (၀.၃၅၅) ‌ဒေါ်လာ သန်း၊ ရေနံထွက်ပစ္စည်းများ (၀.၃၅၁) ဒေါ်လာသန်း၊ ချည်ထည်များ (၀.၃၄၇) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၃၄၅) ဒေါ်လာသန်း၊  အခြား စက္ကူများ (၀.၆၂၂) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

၁၀။   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ ၂ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၃.၁၄၂) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၂.၃၇၁) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၅၁၃) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့ပါသည်။