ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ စက်တင်ဘာလ(၁)ရက်မှ(၅)ရက်ထိ ကုန်သွယ်မှု အခြေအနေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့

            ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

            စက်တင်ဘာလ (၅) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၁၈၇) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၅) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၁၉၂) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု     လျာထားချက်အပေါ် (၄.၂၆၇%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

         စက်တင်ဘာလ (၅) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျောတင်ပို့ နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် လူသုံးကုန်ပစ္စည်း သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

 

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ထိကုန်ပစ္စည်းအမယ် လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

        ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့အထိပို့ကုန် ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၅၄၂) တန်၊ တန်ဖိုး (၁၈၆၈၀၂) ဒေါ်လာတင်ပို့ နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Orange တစ်တန်လျှင် (၂၃၀၀) ဒေါ်လာဖြင့် တန်ချိန်(၇.၄၀၀)တန်၊တန်ဖိုး (၃၀၉၃.၀၀) ဒေါ်လာ၊Appleတစ်တန်လျှင် (၂၈၄၁) ဒေါ်လာဖြင့် တန်ချိန်(၅.၈၀၀)တန်၊တန်ဖိုး (၂၂၆၀.၀၀၀) ဒေါ်လာတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့်တင် ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင် ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

        ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ် ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။