လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့

       လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၄-၉-၂၀၂၃) မှ (၅-၉-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပြောင်း(၄၄.၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာ သန်း၊ တင်ပို့နိုင်ခဲ့ပါသည်။

        ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန် လျှင်(၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ရော်ဘာ တစ်တန်လျှင်(၁၃၀၀)ဒေါ်လာရှိ၍သယ်ယူပို့ဆောင်ခမှာဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာ လျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

        ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်မြက်ခင်းတု (၈.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါလာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

        သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ မြက်ခင်းတု တစ်တန်လျှင် (၆၃၀) ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

        ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး-လက်ပံလှ- ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်း ကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ-လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း) ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါ သည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

        လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၃-၈-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၉၅)ကျပ်ဖြစ်ခဲ့ပြီး ၅-၉-၂၀၂၃ရက်နေ့မှာတော့(၁)ယွမ်လျှင်(၄၉၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။