တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

        တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၂၉-၈-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ရာဘာစေး တန်ချိန် (၄၀) တန်၊ လက်ဖက်ခြောက်တန်ချိန် (၁၄) တန်နှင့် ကတ်ထူစက္ကူအဟောင်း တန်ချိန် (၃၆) တန် တင်ပို့နိုင်ခဲ့သည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၂၉-၈-၂၀၂၃ ရက်နေ့တွင် အဓိက တင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ပြီး ဘိလပ်မြေ(၆၂၂.၅) တန်၊ ကွန်ကရစ်အမိုးပြား (၂၃၈.၉၄) တန်၊ မျက်နှာကျက်ပြား (၇၈.၂၃)တန်၊ ဘိလပ်မြေမျက်နှာကျက်ပြား (၅၂.၁၅၅) တန်၊ မီးခံအုတ် (၃၀.၇၅) တန်၊ အင်ဂျင်မပါသည့် နှစ်ဘီးတပ်ထွန်စက် အသစ်(Brand New Two Wheel Tractor Without Engine) (၁၅) စီး၊ ပလပ်စတစ်ဘူးခွံ(၁) တန်၊ မှန်ချပ်(၁၅၀) စတုရန်း မီတာနှင့် အခြားပစ္စည်းများ တင်သွင်းခဲ့သည်။

          ဒေသငွေလဲနှုန်း အနေဖြင့် ဩဂုတ်လ ၂၉ ရက်နေ့တွင် ကျပ် (၁) သိန်းလျှင် (၉၅၀) ဘတ် ဖြစ်ပေါ်ခဲ့သည်။