စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၈)ရက်နေ့ အထိကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း
၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၂) ရက်နေ့မှ (၁၈)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ (၀.၀၇၁၂)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ (-)သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ (၀.၀၇၁၂)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရသည်။
တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၁၄၃)တန်၊ တန်ဖိုး (၀.၀၁၄၃) ဒေါ်လာ၊ ဇီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၁၁၁)တန်၊ တန်ဖိုး (၀.၀၁၂၈) ဒေါ်လာ၊ ဂျင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀) နှုန်း ဖြင့် (၈၇)တန်၊ တန်ဖိုး (၀.၀၃၉၁) ဒေါ်လာနှင့် ဇီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀) နှုန်းဖြင့် (၂၀)တန်၊ တန်ဖိုး (၀.၀၀၅၀)ဒေါ်လာတို့ကို တင်ပို့နိုင်ခဲ့သည်။
ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၆.၅၀)တာကာနှင့် (၁)တာကာလျှင် (၃၁.၅၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ် (၁) ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနဗ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀) ကျပ်ခန့် ရှိ ကြောင်း သိရှိရသည်။
ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ (၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေ အနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ ကုန်တင်လှေ များ သွားလာလျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၈)ရက်နေ့အတွင်းကုန်စည်ပေါက်ဈေး
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့ မှ (၁၈)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက် ဈေး မှာ (၁) အောင်စလျှင် (205338.00) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန်(အဖြူ) (၁) ကီလို (၆၅.၀၀)တာကာ၊ ကြက်သွန်နီ (၁) ကီလို (၆၉.၀၀) တာကာ၊ အာလူး (၁) ကီလို (၄၄.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁) ကီလို (၁၂၀.၀၀) တာကာ၊ ကြက်သား (၁) ကီလို (၃၁၉.၀၀) တာကာ၊ ကြက်ဥ (၁) ဒါဇင် (၁၄၉.၀၀) တာကာ ဈေးရှိကြောင်း သိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်း မှာ (၁)တာကာလျှင် (၃၁.၅၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအတွက် အဓိက ထား ထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာ တင်ပို့မှုကို တင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရသည်။