မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

                မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့မှ ဩဂုတ်လ (၁၃) ရက်နေ့ အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သား တစ်တန်လျှင်(၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာ သန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစား ခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့်  မောတောင်ကုန်သွယ်ရေး စခန်း မှတစ်ဆင့်  ပရာကျွတ်ကရီခမ်ခရိုင်သို့   တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ  မောတောင်ကုန်သွယ် ရေးစခန်းအထိ  ကုန်(၁)တန်လျှင် ကားခ (ကုန်ကျစ်)  ၁၀၀၀၀ဝိ/ -(ကျပ်တစ်သိန်း)  ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

              မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊  ဩဂုတ်လ (၉)ရက်နေ့မှ ဩဂုတ်လ (၁၃) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှုအနေဖြင့် ဓါတ်ဆီတစ်တန်လျှင်(၈၁၂) ဒေါ်လာနှုန်းဖြင့် တန်(၃၇၀၀)၊ တန်ဖိုး (၃.၀၀၅)ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၅၉၀) ကျပ် နှင့်ဒီဇယ် တစ်လီတာ (၂၅၆၈) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိသည်။