စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့မှ (၈)ရက်အထိကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ(၀.၀၇၂၂)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ(-)သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ (၀.၀၇၂၂)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရသည်။
တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၁၄၂)တန်၊ တန်ဖိုး (၀.၀၁၄၂) ဒေါ်လာ၊ ဇီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၁၀၄)တန်၊ တန်ဖိုး (၀.၀၁၂၀) ဒေါ်လာ၊ ဂျင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀) နှုန်းဖြင့် (၇၁)တန်၊ တန်ဖိုး (၀.၀၃၂၀) ဒေါ်လာနှင့်ဇီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀) နှုန်းဖြင့် (၈)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာ၊ အုန်းသီး (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀) နှုန်းဖြင့် (၃၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာ၊ နနွင်းတက် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၀၀) နှုန်းဖြင့် (၁)တန်၊ တန်ဖိုး (၀.၀၀၁၂)ဒေါ်လာနှင့်တံမြက်စည်းကြမ်း (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀) နှုန်းဖြင့် (၆)တန်၊ တန်ဖိုး (၀.၀၀၁၈)ဒေါ်လာတို့ကို တင်ပို့နိုင်ခဲ့သည်။
ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၆)တာကာနှင့် (၁)တာကာလျှင် (၂၈.၃၀) ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁) ပိဿာ(၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနဗ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀) ကျပ်ခန့်ရှိကြောင်း သိရှိ ရသည်။
ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေ မှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများသွားလာ လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံဖက်၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့မှ (၈)ရက်နေ့အတွင်း ကုန်စည်ပေါက်ဈေး
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့မှ(၈)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာ ပေါက်စျေးမှာ (၁)တန်လျှင် (၉၅၈၆၅)တာကာ၊ ဘိလပ်မြေ(၁)တန်လျှင် (၁၁၂၇၈)တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၄၂၂)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၄၀၂)တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံလျှင် (၄၀၀)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၄၁၄)တာကာနှင့် သံချောင်း (၁)တန်လျှင် (၆၆၀၃၈) တာကာစျေးရှိကြောင်း သိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၈.၃၀) ကျပ် ဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက ထားထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရသည်။