မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ
၂၀၂၃ခုနှစ်၊ သြဂုတ်လ ၇ရက်နေ့တွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှု လမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းတွင် လမ်းပိုင်းအချို့ပျက်စီးမှုများ ရှိ ခဲ့၍ ယာဉ်သွားလာမှုများ ရပ်တန့်သွားခဲ့ပြီး လမ်းပိုင်းပျက်စီးသည့် နေရာသို့ ပြည်နယ်အစိုးရအဖွဲ့မှ တာ ဝန်ရှိသူများ ရောက်ရှိစစ်ဆေးနေပြီး အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။