စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ(၄)ရက်အထိကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း
၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့
မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ(၀.၀၇၁၁)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ(၀.၀၅၀)သန်းစုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၂၁၁)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရသည်။
တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၁၅၁)တန်၊ တန်ဖိုး(၀.၀၁၅၁)ဒေါ်လာ၊ ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၁၁၄)တန်၊ တန်ဖိုး(၀.၀၁၃၁)ဒေါ်လာ၊ ချင်းအစို(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၄၅၀)နှုန်းဖြင့် (၈၇)တန်၊ တန်ဖိုး (၀.၀၃၉၂) ဒေါ်လာနှင့်ဆီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၁၅)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာတို့ကို တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်ပိုင်းတွင် Writing A4 Paper (၃၃.၃) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၅၀)သန်းတင်သွင်းနိုင်ခဲ့သည်။
ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၆)တာကာနှင့် (၁)တာကာလျှင် (၂၈.၃၀)ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ(၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနဗ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀) ကျပ်ခန့်ရှိကြောင်း သိရှိရသည်။
ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့်ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများသွားလာလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၄)ရက်အတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက်ဈေးမှာ (၁)အောင်စလျှင် (205338.00) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာဆန် (အဖြူ)(၁)ကီလို (၆၅.၀၀)တာကာ၊ကြက်သွန်နီ (၁)ကီလို(၆၉.၀၀)တာကာ၊အာလူး(၁) ကီလို (၄၄.၀၀)တာကာ၊ခရမ်းချဉ်သီး (၁)ကီလို(၁၂၀.၀၀)တာကာ၊ကြက်သား (၁)ကီလို(၃၁၉.၀၀)တာကာ၊ ကြက်ဥ(၁) ဒါဇင်(၁၄၉.၀၀) တာကာဈေးရှိကြောင်းသိရှိရပါသည်။ယခုအပတ် ငွေလဲနှုန်းမှာ(၁) တာကာလျှင်(၂၈.၃၀)ကျပ် ဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက်အဓိကထားထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကိုတင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်းကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရသည်။