စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၈)ရက်အထိကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်း တို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်ဒေါ်လာသန်း (၀.၀၃၈၇)သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သွင်းကုန်ဆောင်ရွက်နိုင်မှု မရှိကြောင်း သိရှိရသည်။
တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀)နှုန်းဖြင့်(၆၇)တန်၊ တန်ဖိုး (၀.၀၀၆၇)ဒေါ်လာ၊ ဆီးဖတ်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၁၅) နှုန်းဖြင့်(၆၀)တန်၊ တန်ဖိုး(၀.၀၀၆၉)ဒေါ်လာ၊ ချင်းအစို(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၄၅၀)နှုန်းဖြင့် (၄၆)တန်၊ တန်ဖိုး(၀.၀၂၀၇)ဒေါ်လာ၊ ဆီးယိုထုပ်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၂၅၀)နှုန်းဖြင့် (၈)တန်၊ တန်ဖိုး (၀.၀၀၂၀)ဒေါ်လာနှင့် နနွင်းတက် (၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၂၀၀)နှုန်းဖြင့် (၂)တန်၊ တန်ဖိုး (၀.၀၀၂၄) ဒေါ်လာတို့ကို တင်ပို့နိုင်ခဲ့ပါကြောင်း သိရှိရပါသည်။ ငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာ လျှင် (၁၁၆.၅၀)တာကာနှင့် (၁)တာကာ လျှင် (၂၈)ကျပ်ဖြစ်ကြောင်း သိရှိရသည်။
ကုန်ပစ္စည်းသယ်ယူစရိတ်မှာ ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ (၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနဗ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀) ကျပ်ခန့်ရှိကြောင်း သိရှိရသည်။
ရန်ကုန်-စစ်တွေကားလမ်းမှာ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာ နိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံအကြား ရေမိုင်(၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီ ကာလအတွင်း ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများသွားလာလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၈)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက်စျေး မှာ (၁)အောင်စလျှင် (၂၀၅၃၃၈.၀၀)တာကာနှင့် အခြေခံစားကုန်စျေးနှုန်းများမှာ ဆန် (အဖြူ) (၁)ကီလို (၁၄၀.၀၀) တာကာ၊ ကြက်သွန်နီ (၁)ကီလို (၆၅.၂၈)တာကာ၊ အာလူး (၁)ကီလို (၄၄.၀၀)တာကာ၊ ခရမ်းချဉ်သီး (၁)ကီလို (၁၂၀.၀၀)တာကာ၊ ကြက်သား (၁)ကီလို (၂၇၇.၄၄)တာကာ၊ ကြက်ဥ (၁)ဒါဇင် (၁၄၉.၀၀) တာကာ စျေးရှိကြောင်း သိရှိရပါသည်။ ယခုအပတ် ငွေလဲနှုန်းမှာ(၁) တာကာလျှင် (၂၈) ကျပ် ဖြစ်ကြောင်းသိရှိရသည်။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအတွက် အဓိကထားထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရသည်။