မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့မှ(၂၄)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေ

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၂-၇-၂၀၂၃)ရက်နေ့မှ (၂၄-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ငါးကြင်း၊ ပုဇွန်၊ ငါးခွေးလျှာတို့အပြင်ဂေါ်ဖီထုပ်၊ ငရုတ်၊ဒန့်ဒလွန်စေ့၊ ဖိနပ်နှင့်CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များ တင်ပို့ခဲ့သည်။

(၂၂-၇-၂၀၂၃)ရက်နေ့မှ (၂၄-၇-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP၊ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ‌ဂေါ်ဖီထုပ်၊ ဖိနပ်၊ရေထွက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအားမြှင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့သည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့်ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့်ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါး၊ Packing Materials၊လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ Garment၊ ဓါတ်မြေဩဇာ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်းများ၊  ငါးဖမ်းပစ္စည်း၊ စက်ဆီ/ချောဆီနှင့် အလှကုန်ပစ္စည်းတို့ တင်သွင်းခဲ့သည်။ 

(၂၂-၇-၂၀၂၃ မှ ၂၄-၇-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းများမှာ Garment ၊ ဓါတ်မြေဩဇာ၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ စက်ဆီ/ချောဆီ၊ ယန္တရားစက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ ဆေးဝါး၊သစ်သီးမျိုးစုံ၊ လူသုံးကုန်ပစ္စည်းများနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၉.၆၉)ကျပ်သာရှိပြီး ယခုအပတ်တွင်(၉၅.၂၄)ကျပ်ဖြစ်ပါသဖြင့် ဘတ်စျေးအနည်းငယ်တက်ခဲ့ပါကြောင်းနှင့် ကုန်ပစ္စည်းများတင်ပို့၊ တင်သွင်းခြင်းကို ရန်ကုန်-ဘားအံ-မြဝတီ ကုန်သွယ်မှုလမ်းကြောင်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

(၁၅-၇-၂၀၂၃မှ၂၁-၇-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁)တန်လျှင် ပျမ်းမျှ(၂၈၉.၈၇)ဒေါ်လာဖြင့် (၂၂၀၇၉.၁၇၇)တန်(၆.၄)ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁၄.၃၆၁)တန်(၁၅၄၁၈၅)(U)ဖြင့် (၁.၅၃၃)ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (၅၂၂.၉၅)ဒေါ်လာဖြင့် (၅၀၁)တန်(၀.၂၆၂)ဒေါ်လာသန်း၊သတ္တုနှင့် သတ္တုရိုင်း (၁)တန်လျှင်(၁၃၄၅)ဒေါ်လာဖြင့် (၂၀၀)တန် (၀.၂၆၉)ဒေါ်လာသန်း၊ ငရုတ်သီး(အစို)(၁)တန်လျှင် (၀.၂၈၆)ဒေါ်လာဖြင့် (၄၂၆.၈၀၃)တန် (၀.၄၃၃)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်)(၁)တန်လျှင် (၁၆၁၉.၆၀)ဒေါ်လာဖြင့် (၁၀၀.၂၅)တန် (၀.၁၆၂)ဒေါ်လာသန်း၊ ဂေါ်ဖီထုပ်(၁)တန်လျှင် (၂၀၀.၂၅၆)ဒေါ်လာဖြင့် (၇၇၉)တန်(၀.၁၅၆)ဒေါ်လာသန်း၊ ငါးမျိုးစုံ(၁)တန်လျှင် (၁၃၀၉.၃၀)ဒေါ်လာဖြင့် (၆၈.၇၃၉)တန် (၀.၀၉၀)ဒေါ်လာသန်း၊ နှမ်းဖြူ (၁)တန်လျှင် (၂၀၀၀) ဒေါ်လာဖြင့် (၆)တန် (၀.၀၁၂)‌ ဒေါ်လာသန်းနှင့်နှမ်းနက် (၁)တန်လျှင် (၁၆၆၆.၆၇)‌ဒေါ်လာဖြင့် (၆.၀၀၀)တန် (၀.၀၁၀)ဒေါ်လာသန်းတို့ဖြစ်ပါသည်။ ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၂၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ(၁၃၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၉၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၀၀)ကျပ်ရှိသည်။

(၁၅-၇-၂၀၂၃ မှ ၂၁-၇-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ(၁.၃၆၀) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၁.၂၄၄) ဒေါ်လာသန်း၊စက်နှင့်စက်ပစ္စည်း (၁.၁၀၀) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၁.၀၃၂) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၈၉၀)ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ (၀.၇၃၂) ဒေါ်လာသန်း၊ ချည်ထည်များ (၀.၆၆၆) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၅၇၀) ဒေါ်လာသန်း၊မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၅၆၆) ဒေါ်လာသန်း နှင့် ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၃.၄၆၆) ဒေါ်လာသန်းတို့ဖြစ်ပါသည်။ သွင်းကုန်ကားခ(ကုန်စုံပစ္စည်း)အနေဖြင့် ယာဉ်အမျိုးအစားအလိုက်(၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၇၀)ကျပ်ရှိသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၃၅.၇၇၂) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၇၆.၅၂၈) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁၂.၃၀၀) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့သည်။