မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်(၂၅-၇-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၂၅-၇-၂၀၂၃) ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ(၁.၁၇၈)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ(၁.၀၃၅)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၂၁၃) သန်း ဆောင်ရွက်နိုင်ခဲ့သည်။
အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာငါးရှဉ့်(၅၀.၇၆၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၁၅၂)သန်း၊ကြေးဝါ(၆၈.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၁၄၄)သန်း၊ကြေးနီ(၃၄.၅၀၀)တန်၊တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၉)သန်း၊ဆန်ကွဲ(၂၄၁.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၇)သန်း၊ ကဏန်း(၂၁.၉၇၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၂)သန်း၊ပုစွန်ဖွဲ(၁၆၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၆၉.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၆၉)သန်း၊ပဲလွန်းဖြူ(၁၀၂.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၆၀) သန်း၊ငါးမှုန့်(၁၀၂.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၆၀) သန်း၊ ဝါဂွမ်း(၃၂.၇၉၂) တန်၊ တန်ဖိုး (၀.၀၅၇) ဒေါ်လာသန်းတို့ဖြစ်သည်။
အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာယာဉ်နှင့်ယာဉ်ယန္တရားများ ကန်ဒေါ်လာ (၀.၁၉၁)သန်း၊ဓာတ်ဆီတန်ဖိုးကန်ဒေါ်လာ (၀.၀၉၈) သန်း၊ကားတာယာ(ကျွတ်အပါ) တန်ဖိုးကန်ဒေါ်လာ (၀.၀၇၃)သန်း ၊ ဒီဇယ်ဆီ တန်ဖိုးကန်ဒေါ်လာ(၀.၀၆၈)သန်း၊ အလူမီနီယံတံခါးဘောင် တန်ဖိုးကန်ဒေါ်လာ(၀.၀၅၃) သန်း၊သကြားတဆေး တန်ဖိုးကန်ဒေါ်လာ (၀.၀၄၉) သန်း၊စားသောက်ကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၅) သန်း၊ပုံနှိပ်မှင် တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၆)သန်း၊ဖိနပ်အမျိုးမျိုးတန်ဖိုး ကန်ဒေါ်လာ (၀.၀၂၅) သန်း၊ Cylinder Set တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁) သန်းတို့ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၂၅) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၈.၃၀၃)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၄၃.၀၅၉) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၇၁.၃၆၂) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၁.၄၂၂) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှု လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။
(၂၅-၇-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၃၀၀၃.၂၂၃)နှုန်း၊ ကြေးဝါ(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၂၁၁၄.၈၉၁) နှုန်း၊ ကြေးနီ(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၈၆၁.၄၈၆) နှုန်း၊ ဆန်ကွဲ(၁) တန်လျှင် အမေရိကန်ဒေါ်လာ(၄၀၂.၄၄၀) နှုန်း၊ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၁၉၉.၉၄၆) နှုန်း၊ ပုစွန်ဖွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၇၈.၆၄၇) နှုန်း၊ ကြက်သွန်နီ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၀၆.၀၇၄)နှုန်း၊ပဲလွန်းဖြူ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၉၂.၀၀၃) နှုန်း၊ငါးမှုန့်(၁) တန်လျှင် အမေရိကန်ဒေါ်လာ(၅၈၈.၈၅၇)နှုန်း၊ဝါဂွမ်း(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၄၂.၂၀၄)နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။