မြိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့မှ ဇူလိုင်လ (၁၈) ရက်နေ့အတွင်း ငါးမှုန့်တစ်တန်လျှင် (၉၀၂)ဒေါ်လာနှုန်းဖြင့် (၅၅၀)တန်၊ တန်ဖိုး (၀.၄၉၆)ဒေါ်လာသန်း ငါးမျိုးစုံ တစ်တန် လျှင် (၁၂၀၉) ဒေါ်လာနှုန်းဖြင့် (၇၉.၄၇၅)တန်၊ တန်ဖိုး (၀.၀၉၆)ဒေါ်လာသန်းကင်းမွန်တစ်တန်လျှင် (၃၄၁၀) ဒေါ်လာနှုန်းဖြင့် (၅.၆၉၅)တန်၊ တန်ဖိုး (၀.၀၂၀)ဒေါ်လာသန်းဂဏန်းတစ်တန်လျှင် (၃၈၉၀)ဒေါ်လာနှုန်းဖြင့် (၁.၂၇၅)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်းပုဇွန်တစ်တန်လျှင် (၅၅၀၀)ဒေါ်လာနှုန်းဖြင့် (၁.၉၅၀)တန်၊ တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၆၂၈)ဒေါ်လာသန်း၊ ငါးမှုန့်အား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင် ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်- ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့မှ ဇူလိုင်လ (၁၈) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုအခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်းသုံးစွဲရန်လိုအပ်သည့် စက်သုံးဆီအား ထိုင်းနိုင်ငံရေလမ်းကြောင်းမှ တင်သွင်းလျက်ရှိရာဒီဇယ်ဆီတစ်တန်လျှင် (၈၁၇.၅၀၀)ဒေါ်လာနှုန်းဖြင့် (၆၀၀)တန်၊ တန်ဖိုး(၀.၄၉၀)ဒေါ်လာသန်း၊ ဓါတ်ဆီတစ်တန်လျှင် (၈၉၈.၅၂၁)ဒေါ်လာနှုန်းဖြင့် (၇၅၀) တန်၊ တန်ဖိုး(၀.၆၇၄)ဒေါ်လာသန်း၊ရင်းနှီးပစ္စည်း (၃၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ စုစုပေါင်း သွင်းကုန်တန်ဖိုး(၁.၁၈၉)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ တစ်လီတာ (၂၃၁၈)ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၂၉၅)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။