ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

          ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂ရက်နေ့မှ၁၆ရက်နေ့အထိပို့ကုန်တန်ချိန် (၂၇၅၉)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၈၇၇)သန်း၊ သွင်းကုန်တန်ချိန် (၃၉၆)၊(၁၄၀၉)U၊ (-)BBL၊ တန်ဖိုး(၁၂၀.၇၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၆၀၉၁.၄၀)၊ (၁)တန်စျေးနှုန်း (၆၃၀)အမေရိကန် (၃၀၆.၆၆)အမေရိကန်ဒေါ်လာ၊ ကြိမ်မွေ့တောင်းတန်ချိန်(၃၀.၈၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄၈၁၁၀.၄၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀)အမေရိကန်ဒေါ်လာ၊ကုလားငူတန်ချိန်(၄.၉၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၇၂၄၁.၆၀)၊ (၁)တန်စျေးနှုန်း (၁၄၆၀)အမေရိကန်ဒေါ်လာ၊ ပလာတူးတန်ချိန် (၃၀.၂၄)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၉၆၃၅.၂၀)၊ (၁)တန်စျေးနှုန်း (၁)တန်စျေးနှုန်း(၁၂၆၀)အမေရိကန်ဒေါ်လာ၊လိုင်းဝါတန်ချိန်(၈၃.၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၅၉၆၅.၀၀)၊ (၁)တန်စျေးနှုန်း(၇၉၀)အမေရိကန်ဒေါ်လာ၊ကဏန်းတန်ချိန်(၉.၂၃)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၅၉၀၄.၇၀)၊ (၁)တန်စျေးနှုန်း (၃၈၉၀) အမေရိကန်ဒေါ်လာ၊ သီဟိုဠ်စေ့တန်ချိန် (၅.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၀၀၀)၊ (၁)တန်ဈေးနှုန်း (၂၈၀၀)အမေရိကန်ဒေါ်လာတို့ဖြစ်သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာပီလောပီနံမှုန့်တန်ချိန် (၃၃၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၆၉၀၀၀)၊ (၁) တန်ဈေးနှုန်း (၅၁၂.၁၂) အမေရိကန်ဒေါ်လာ၊ကားတာယာအရေအတွက်(၁၃၈၈)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၀၀၀)၊ (၁)Uစျေးနှုန်း(၁၉.၄၅) အမေရိကန်ဒေါ်လာ၊ ပလပ်စတစ်ရေခဲပုံးတန်ချိန်(၁၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၀၀၀)၊ (၁)တန်စျေးနှုန်း (၁၉၀၉)အမေရိကန်ဒေါ်လာ၊ငါးထည့်သည့်ပုံးတန်ချိန်(၃.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၀၀၀)၊ (၁)တန်စျေးနှုန်း (၆၆၆.၆၆) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးငါးသယ်လှေကုန်(၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်းသိရှိရသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၁၇-၇-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၂၅) ဘတ် ၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၉.၀၀) ကျပ်ခန့် (၁၆-၇-၂၀၂၃) နှင့် နှိုင်းယှဉ်လျှင် (၀.၁၀) ကျပ်ခန့် မြင့်တက် လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၂၁၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၁၇၀၀) ကျပ်မြင့်တက်လျက်ရှိသည်။