ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဇူလိုင်လ(၁၄)ရက်ထိ ကုန်သွယ်မှုအခြေအနေ
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်းဖြစ်သည်။
ဇူလိုင်လ (၁၄) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန် (၁.၀၄၉) ဒေါ်လာသန်း၊ သွင်းကုန် (၁.၂၂၄)ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂.၂၇၃) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၇၆%) ဆောင်ရွက်ပြီးဖြစ်သည်။
ဇူလိုင်လ (၁၄)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျောတင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ၊ တင်သွင်းနိုင်ခဲ့သည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃)ယွမ်/(၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၆၄၈) တန်၊ တန်ဖိုး (၁၇၄၇၈၀၅) ဒေါ်လာနှင့် Iron Concentrate (Fe-64.512% / Fe-60.751%) ဈေးနှုန်းတစ်တန်လျှင် (၁၀၂/၈၃)ဒေါ်လာတို့ဖြင့် တန်ချိန် (၆၀၂)တန်၊ တန်ဖိုး (၅၃၇၆၆) ဒေါ်လာတင်ပို့နိုင်ခဲ့သည်။
အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Compound Fertilizer (N:18%, P2O5:18%, K2O:18%) ဈေးနှုန်းတစ်တန်လျှင် (၃၅၀)ဒေါ်လာဖြင့်တန်ချိန်(၁၃၈၄)တန်၊ တန်ဖိုး(၄၈၁၆၄၁.၁၃)ဒေါ်လာ၊ Iron Rod ဈေးနှုန်းတစ်တန်လျှင်(၇၀၀)ဒေါ်လာဖြင့် တန်ချိန် (၄၆.၃၀၀)တန်၊ တန်ဖိုး(၃၂၉၈၈)ဒေါ်လာ၊ Iron Pipe ဈေးနှုန်းတစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၁၃၅.၉၀၀) တန်၊ တန်ဖိုး (၈၉၅၂၁.၂၇) ဒေါ်လာ၊ Galvanized Iron Sheet ဈေးနှုန်းတစ်တန်လျှင် (၇၀၀) ဒေါ်လာဖြင့် တန်ချိန် (၁၂၃.၁၀၀) တန်၊ တန်ဖိုး (၈၄၉၀၂) ဒေါ်လာ၊ Iron Nail ဈေးနှုန်းတစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၁၇၁) တန်၊ တန်ဖိုး (၁၀၆၈၇၀.၁၉) ဒေါ်လာ၊ Artificial Grass ဈေးနှုန်းတစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၁၃၈.၃၀၀) တန်၊ တန်ဖိုး (၈၉၆၁၁.၉၄)ဒေါ်လာ၊ Brand New Car Tyre (Size : 14.00 R 25) ဈေးနှုန်း (၁လုံး)လျှင် (၁၀၀) ဒေါ်လာဖြင့် (၉၀)လုံး၊ တန်ဖိုး (၉၀၀၀)ဒေါ်လာ၊ Ceramic Tile Plain ဈေးနှုန်း (1 M2)လျှင် (၃.၈)ဒေါ်လာဖြင့် (၅၁၅၀)M2၊တန်ဖိုး (၁၉၄၉၀.၉၆)ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီးအခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ)တင်သွင်းနိုင်လျက်ရှိသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်သည်။
ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိသည်။