လွယ်ဂျယ်နယ်စပ်၏ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်မှ ၁၂ရက်နေ့အတွင်း ကုန်စည်စီးဆင်းမှုအခြေအနေ

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ မှ ၁၂ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် AluminiunIngot(၃၃.၅၆)တန်၊ တန်ဖိုး(၀.၀၅၈) ဒေါ်လာသန်း၊ ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန်တစ်တန်လျှင် (၄၆၉)ဒေါ်လာ၊ ဆန်ကွဲတစ်တန်လျှင်(၄၀၈)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာ၊AluminiunIngot တစ်တန်လျှင် (၁၇၂၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့် ရိတ်သိမ်းချွေလှေ့စက်(၁)U ၊ တန်ဖိုး(၀.၀၁၀) ဒေါ်လာသန်း၊ ပီနံအိတ် (၁၃.၀၀) တန်၊ တန်ဖိုး(၀.၀၁၀) ဒေါ်လာသန်း၊ ဓါတ်မြေဩဇာ (၆၄.၀၀)တန်၊ တန်ဖိုး(၀.၀၂၅)ဒေါ်လာသန်း၊ သွပ်ပြား(၁၆.၀၀)တန်၊ တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ ထွန်စက်(၆)U၊ တန်ဖိုး(၀.၀၂၄)ဒေါ်လာသန်း၊ ကုန်စုံ(၁၆၆.၅၀)တန်၊ (၂၅၁၈၀)U၊ တန်ဖိုး(၀.၁၂၉)ဒေါ်လာသန်း၊ ကော်စေ့ (၁၉.၅၀)တန်၊ တန်ဖိုး(၀.၀၁၇)ဒေါ်လာသန်း၊ မြက်ခင်းတု(၇.၅၀)တန်၊ တန်ဖိုး(၀.၀၀၆) ဒေါ်လာသန်း၊ ပိတ်လိပ်(၃၅.၀၀)တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊သားရေတု(၁၄.၀၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ(Organic Fertilizer)တစ်တန်လျှင် (၂၅၀)ဒေါ်လာ၊ဓါတ်မြေဩဇာ(Compound Fertilizer) တစ်တန်လျှင်(၃၉၈)ဒေါ်လာ၊ ထွန်စက်တစ်စီးလျှင်(၄၀၀၀)ဒေါ်လာ၊ပီနံအိတ်တစ်တန်လျှင် (၇၉၇)ဒေါ်လာ၊ ကော်စေ့တစ်တန်လျှင်(၁၀၀၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး-လက်ပံလှ-ဗန်းမော်-မိုးမောက်(ကျောက်စခန်း)-စိန်လုံ-လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက်(ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၉-၇-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၂၈)ကျပ်ဖြစ်ခဲ့ပြီး ၁၁-၇-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၂၉)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေး အနည်းငယ်ကျခဲ့ကြောင်း သိရှိရသည်။