တမူးမြို့နယ်စပ်တွင် ဖြစ်ပေါ်နေသောကုန်သွယ်မှုနှင့်ကုန်စျေးနှုန်း အခြေအနေ

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ‌ဇူလိုင်(၅)ရက်နေ့မှ(၇)ရက်နေ့ထိကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၀၅ဒေါ်လာသန်း၊ သွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

ဇူလိုင်လ (၁၀)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ (၂၉၄၁) ကျပ်၊ ၁ဒေါ်လာ (၉၁.၉၀) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။

အပတ်စဉ် အများဆုံးတင်ပို့သည့် ပို့ကုန် (၁၀)မျိုးမှာဝေဖာ၁ Kg လျှင်(၀.၆၄)ဒေါ်လာ၊ ၄၀၀၀ Kg လျှင် (၀.၀၀၂) ဒေါ်လာသန်း၊ အချိုရည် ၁ Kg လျှင် (၀.၂၉) ဒေါ်လာ၊ ၃၀၀၀ Kg လျှင် (၀.၀၀၁) ဒေါ်လာသန်း၊ ငါးသေတ္တာ ၁ Kg လျှင် (၀.၂၉) ဒေါ်လာ၊ 2၅၀၀Kg လျှင် (၀.၀၀1) ဒေါ်လာသန်း၊ ကွေကာအုပ် ၁ Kg လျှင် (0.၂၉)ဒေါ်လာ၊  ၃၈၃၄ Kg လျှင် (၀.၀၀၁)ဒေါ်လာသန်း၊တို့ဖြစ်ပြီးယခုအပတ် သွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်မှုမရှိခဲ့ပါကြောင်း၊ ငါးသေတ္တာ၊ အချိုရည်တို့၏ သယ်ယူစရိတ်မှာ (၁၂) ဘီးတစ်စီးလျှင် (၁၅.၈) တန်ခန့် ကုန်ပိဿာအနေဖြင့်(၉၅၀၀)မှ (၁၀၀၀၀)ပိဿာထိသယ်ဆောင်နိုင်ပြီးသယ်ယူစရိတ် အနေဖြင့်(၁၂)ဘီးတစ်စီးလျှင် (၁၉၀၀၀၀၀/- မှ ၂၁၈၅၀၀၀/-)ထိရှိသည်။ ဝေဖာ၊ ဖိနပ်၊ စောင်၊ ဇီးသီးထုပ်၊ ဖယောင်းပုဆိုး၊ ပလတ်စတစ်ပုံး၊ပလတ်စတစ်အိတ်နှင့် မိတ်ကပ်တို့၏ သယ်ယူစရိတ်မှာ (၁၂)ဘီးတစ်စီးလျှင်(၈)တန်ခန့် ကုန်ပိဿာအနေဖြင့် (၄၈၀၀) မှ (၅၀၀၀)ပိဿာထိသယ်ဆောင်နိုင်ပြီးသယ်ယူစရိတ်အနေဖြင့် (၁၂) ဘီးတစ်စီး လျှင် (၁၁၀၄၀၀၀/ -မှ ၁၁၅၀၀၀၀/-) ထိရှိသည်။ Nitrogen Fertilizer, Neem Coated Urea Fertilizer (Mukta) အမျိုးအစားဓာတ်မြေဩဇာအားတစ်အိတ်လျှင် (၄၅/၅၀) Kg၊ အိတ်ရေ(၃၀၀)ခန့်ဖြင့်(၁၂)ဘီးတစ်စီးလျှင် (၁၆)တန်ခန့်တင်ဆောင်နိုင်ပြီးကလေး-မန္တလေးသယ်ယူစရိတ်အနေဖြင့် (၁၀)သိန်းမှ(၁၂)သိန်းရှိကြောင်းသိရှိရပါသည်။ ဆံပင်အားတစ်အိတ်လျှင် (၃၀)Kg၊ အိတ်ရေ(၁၄၀)ခန့်ဖြင့် (၆)ဘီးတစ်စီးလျှင်(၄)တန်ခန့်တင်ဆောင်နိုင်ပြီးတမူး-မန္တလေးသယ်ယူစရိတ်အနေဖြင့် (၁၀)သိန်းခန့်ဖြင့် သယ်ဆောင်လျက်ရှိကြောင်းသိရှိရသည်။

အဆင်းကုန် ကုန်ကျစ်/ကုန်ပွ ကားခတစ်ပိဿာ‌ စျေးနှုန်း၊ ကုန်စုံဖြစ်လျှင် ယာဉ်အမျိုးအစားအလိုက် ကားခစျေးနှုန်းမှာကုန်ကျစ်တစ်ပိဿာလျှင် (၁၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကုန်ပွတစ်ပိဿာလျှင် (၁၇၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊  (၁၂)ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ်ဖြစ်ပါက (၁၅.၈)တန်ခန့်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်ပါက (၈) တန်ခန့်ဖြင့်လည်းကောင်း၊ (၁၂) ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ်ဖြစ်ပါက (၉၅၀၀) မှ (၁၀၀၀၀)ပိဿာထိတင်ဆောင်နိုင်ပြီးတစ်တန်သယ်ယူစရိတ်မှာ (၉၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်လျှင် (၄၈၀၀)မှ (၅၀၀၀) ပိဿာထိတင်ဆောင်နိုင်ပြီးတစ်တန်သယ်ယူစရိတ်မှာ (၁၀၂၀၀၀)ကျပ်ဖြင့် လည်းကောင်းသယ်ယူပို့ဆောင်လျက်ရှိကြောင်းသိရှိရသည်။

ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ ၂၀၂၀ မတ်လ၁၀ရက်မှစ၍ယနေ့ထိ ဂိတ်ပိတ်ထားဆဲဖြစ်ကြောင်းနှင့် မဏိပူရ်ပြည်နယ်တွင် ကူကီး(ချင်း)လူမျိုးများနှင့် ကသဲလူမျိူးများအကြားအဓိကရုဏ်းဖြစ်ပွားပြီးနယ်မြေတည်ငြိမ်အေးချမ်းမှုမရှိကြောင်းသိရှိရပြီး လုံခြုံရေးအခြေအနေနှင့်လမ်းပန်းဆက်သွယ်မှု အခြေအနေမှာ တမူးမြို့နယ်၊ ပန်းသာကျေးရွာတွင်ဖြစ်ပွားသည့်တိုက်ပွဲကြောင့်ပို့ကုန်၊ သွင်းကုန်ယာဉ်များခေတ္တယာယီရပ်ဆိုင်းထားသည့်အတွက် ၂၃ ဇူ ၈ ရက်နေ့မှ စတင်၍ ကုန်သွယ်မှုလုပ်ငန်းများယာယီဆိုင်းငံ့သွားခဲ့ကြောင်းစုံစမ်းသိရှိရသည်။