မောတောင်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှ (၉)ရက်နေ့အထိ ကုန်သွယ်မှုအခြေအနေ
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှ (၉)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၂၃၄) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၁)ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၂၄၄)ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။
မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ (၅)ရက်နေ့မှ(၉)ရက်နေ့ အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၆၉.၉၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၂၁) သန်း၊ ရွံ့ဂဏန်း( အရှင်) (၁၁.၀၅၀)တန်၊ ကန်ဒေါ်လာ (၀.၀၄၅၉) ဒေါ်လာသန်း၊ ကျောက်ပုဇွန်(အရှင်) (၀.၇၅)တန်၊ ကန်ဒေါ်လာ (၀.၀၁၄၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၁၄)တန်၊ ကန်ဒေါ်လာ (၀.၀၆၃၇) ဒေါ်လာသန်း၊ တံမြက်စည်း (၁၆၂၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၃)သန်း၊ ငှက်ပျောသီး (၄၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၆)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီးများ (၃.၁၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်း တင်သွင်းနိုင်ခဲ့သည်။
မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ- ငါးမျိုးစုံ (၁၁၇၄.၂)ဒေါ်လာနှုန်း၊ (၆၉.၉၂၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၂၁) သန်း၊ ရွံ့ဂဏန်း(အရှင်) (၄၁၅၃.၈၅)ဒေါ်လာ၊ (၁၁.၀၅၀)တန်၊ ကန်ဒေါ်လာ(၀.၀၄၅၉)သန်း၊ ကျောက်ပုဇွန်(အရှင်) (၁၉၇၃၃.၃၃) ဒေါ်လာ၊ (၀.၇၅)တန်၊ ကန်ဒေါ်လာ (၀.၀၁၄၈)သန်း၊ ကြက်သွန်နီ (၅၅၈.၇၇) ဒေါ်လာ၊ (၁၁၄)တန်၊ ကန်ဒေါ်လာ (၀.၀၆၃၇) သန်း၊ တံမြက်စည်း(၀.၂၀၁၁) ဒေါ်လာနှုန်း၊ (၁၆၂၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၃) သန်း၊ ငှက်ပျောသီး (၃၀၁.၆၂)ဒေါ်လာနှုန်း၊ (၄၅)တန်၊ ကန်ဒေါ်လာ (၀.၀၁၃၆) ဒေါ်လာသန်း ဖြစ်သည်။
မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁)တန် ဈေးနှုန်းမှာ- သစ်သီး (၃၀၀.၅၁)ဒေါ်လာနှုန်း၊ (၃.၁၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၁)သန်း ဖြစ်သည်။
မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၆၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင်ကုန်သွယ်မှုလမ်းကြောင်းမှာ ကောင်းမွန်လျက်ရှိသည်။
မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၇-၇-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁)သိန်းလျှင် ဘတ်(၁၁၄၀)၊ (၁)ဘတ်လျှင် မြန်မာငွေကျပ် (၈၇.၇၂)ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။