မြဝတီကုန်သွယ်ရေးဇုန်၏(၄-၇-၂၀၂၃)ရက်နေ့မှ (၇-၇-၂၀၂၃)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေ
မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၄-၇-၂၀၂၃)ရက်နေ့မှ (၇-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့်ဂေါ်ဖီထုပ်၊ ငရုတ်၊ကြက်သွန်နီ၊ ပြောင်း၊ နနွင်းတက်၊ဂျင်းခြောက်၊ ကြာဝတ်ဆံခြောက်၊ ရေထွက်ကုန်များဖြစ်သည့်ငါးမြစ်ချင်းစီဖောင်းခြောက်၊ ငါးခွေးလျှာနှင့်CMPပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။
အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP၊ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ နနွင်းတက်၊ဂျင်းခြောက်၊ ကြာဝတ်ဆံခြောက်၊ ရေထွက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်ပါသည်။
ယခုအခါထိုင်းနိုင်ငံမှစားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းဝယ်လိုအားမြှင့်တက်နေ၍ယခင်နှစ်ကထက်ပိုမိုတင်ပို့နိုင်ခဲ့သည်။
ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ကုန်စိမ်းပို့ကုန်များဖြစ်သည့်ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့်ငရုတ်များကိုအမြန်တင်ပို့နိုင်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
သွင်းကုန်ပစ္စည်းများအနေဖြင့်တိရစ္ဆာန်အစာ၊ စက်ဘီး၊စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊လျှပ်စစ်ပစ္စည်း၊ဆိုင်ကယ်အပိုပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီး၊ Garment၊ ဓါတ်မြေဩဇာ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့်ဆေးပစ္စည်း၊ Packing Material၊အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်း၊ ငါးဖမ်းပစ္စည်း၊ စက်ဆီ/ချောဆီ၊LPG(ဓာတ်ငွေ့ရည်)နှင့် အလှကုန်ပစ္စည်းတို့တင်သွင်းခဲ့သည်။
(၄-၇-၂၀၂၃မှ၇-၇-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းများမှာ Garment၊ ဓါတ်မြေဩဇာ၊ စားသောက်ကုန်၊ စက်ဆီ/ချောဆီ၊ LPG(ဓာတ်ငွေ့ရည်)၊ ယန္တရားစက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့် အခြားပစ္စည်းတို့ဖြစ်သည်။
ငွေစျေးနှုန်းအနေဖြင့်ယခင်အပတ်ကတစ်ဘတ်လျှင်(၈၇.၃၄)ကျပ်ရှိပြီးယခုအပတ်တွင်လည်း(၈၇.၃၃)ကျပ်သာရှိ၍ ဘတ်စျေးအနည်းငယ်ကျဆင်းခဲ့ပါကြောင်းနှင့်ကုန်ပစ္စည်းများတင်ပို့၊ တင်သွင်းခြင်းကို ရန်ကုန်-ဘားအံ-မြဝတီကုန်သွယ်မှုလမ်းကြောင်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိသည်။
(၁-၇-၂၀၂၃မှ၇-၇-၂၀၂၃)ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁)တန်လျှင် ပျမ်းမျှ(30၆.၇၂၀)ဒေါ်လာဖြင့် (၁၇၅၂၇.၄၀၆)တန်(၅.၃၇၆)ဒေါ်လာသန်း၊ချုပ်ပြီးအထည် (၂.၀၈၇)တန် (၁၂၉၅၃၄) (U)ဖြင့်(၁.၅၂၅)ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (5၂၆.၃၅၀)ဒေါ်လာဖြင့် (၁၅၁၈.၀၀၀)တန်(0.၇၉၉)ဒေါ်လာသန်း၊ဂေါ်ဖီထုပ်(၁)တန်လျှင် (20၂.6၃၁)ဒေါ်လာဖြင့် (၉၄၂.၆၀၀)တန်(၀.၁၉၁)ဒေါ်လာသန်း၊သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင် (၁၄၈၀.၀၀၀)ဒေါ်လာဖြင့် (25)တန် (၀.၀၃၇)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်)(၁)တန်လျှင် (၁၆၅၉.၈၂၆)ဒေါ်လာဖြင့် (၁၁၀.၈၅၅)တန် (၀.၁၄၈)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း) (အစို)(၁)တန်လျှင် (685.817) ဒေါ်လာဖြင့် (၇၀၈.၆၄၄)တန် (၀.၄၈၆)ဒေါ်လာသန်း၊ မန်ကျီးသီး (အစေ့ပါ) (၁)တန်လျှင် (၃၄၃.၇၅)ဒေါ်လာဖြင့် (၆၄)တန်(၀.၀၂၂)ဒေါ်လာသန်း၊နနွင်းတက်(၁)တန်လျှင် (398.666)ဒေါ်လာဖြင့် (27.592)တန်(၀.၀၁၁)ဒေါ်လာသန်းနှင့် ငါးမျိုးစုံ(၁)တန်လျှင် (900)ဒေါ်လာဖြင့် (၁၀.၀၁၀) တန် (0.009)ဒေါ်လာသန်းတို့ဖြစ်ပါသည်။ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၂၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ(၁၃၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၉၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၀၀)ကျပ် ရှိသည်။
(၁-၇-၂၀၂၃မှ၇-၇-၂၀၂၃)ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(4.365)ဒေါ်လာသန်း၊ဆောက်လုပ်ရေးပစ္စည်းများ (1.156)ဒေါ်လာသန်း၊စက်နှင့်စက်ပစ္စည်း (1.187)ဒေါ်လာသန်း၊အခြားစက္ကူများ(0.635)ဒေါ်လာသန်း၊ ချည်ထည်များ (0.561) ဒေါ်လာသန်း၊ဆပ်ပြာ (0.508)ဒေါ်လာသန်း၊ သားရေ၊သားရည်တုဖြင့်ပြုလုပ်ထားသောပစ္စည်းများ (0.497) ဒေါ်လာသန်း၊တာယာနှင့်ကျွတ်များ (0.801) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (0.709)ဒေါ်လာသန်းနှင့်လေအေးစက်များ (0.470) ဒေါ်လာသန်းတို့ဖြစ်ပါသည်။သွင်းကုန်ကားခ(ကုန်စုံပစ္စည်း)အနေဖြင့် ယာဉ်အမျိုးအစားအလိုက်(၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၇၀)ကျပ်ရှိသည်။
ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ၁၀-၇-၂၀၂၃ ရက်နေ့ နံနက် (၀၁:၁၅) နာရီခန့်အချိန်တွင် ဖားအံ - သထုံ ကားလမ်း၊ မိုင်တိုင်အမှတ် ၁၂/၂၊ တံတားအမှတ် ၁/၁၃(အရှည် ၈၄ ပေ အကျယ် ၄၀ ပေ)ရှိ သံကူကွန်ကရစ်တံတားအားKNU/PDF အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖျက်စီးခဲ့ပါသဖြင့် တံတား၏ (ဝဲ/ယာ)လက်ရန်းနှင့် လမ်းအနည်းငယ်ပေါက်ပြဲပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ သွားလာနိုင်မှု ယာယီရပ်ဆိုင်းထားကြောင်းနှင့် တာဝန်ရှိသူများစစ်ဆေးပြီးမှသာ အခြေအနေအရ ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်(ဧပြီလ(၁)ရက်နေ့မှဇူလိုင်လ(7)ရက်နေ့ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(154.083)ကန်ဒေါ်လာသန်း၊ သွင်းကုန်(343.573)ကန်ဒေါ်လာသန်း၊ကုန်သွယ်မှုပမာဏ(497.656)ကန်ဒေါ်လာသန်းရှိပြီး ယခင်နှစ်ကာလတူတွင်ပို့ကုန်(၇၂၃.၆၆၄)ကန်ဒေါ်လာသန်း၊သွင်းကုန်(၁၃၂၁.၀၆၉)ကန်ဒေါ်လာသန်း၊ကုန်သွယ်မှုပမာဏ(၂၀၄၄.၇၃၃)ကန်ဒေါ်လာသန်းဆောင်ရွက်ခဲ့သဖြင့် ကာလတူနှိုင်းယှဉ်လျှင် ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက်ပို့ကုန်(569.581)ကန်ဒေါ်လာသန်း၊ သွင်းကုန်(977.496)ကန်ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(1547.077)ကန်ဒေါ်လာသန်း လျော့နည်းခဲ့သည်။