တမူးမြို့နယ်စပ်တွင် ဖြစ်ပေါ်နေသောကုန်သွယ်မှုနှင့်ကုန်စျေးနှုန်း အခြေအနေ

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ‌ဇွန်လ (၂၄)ရက်နေ့မှ(၂၇)ရက်နေ့ထိ ကုန်သွယ်မှု အခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၂၁ဒေါ်လာသန်း၊ သွင်းကုန်ပိုင်းတွင် ဆောင်ရွက် နိုင်ခြင်း မရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

ဇွန်လ (၂၈)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ (၂၉၂၂) ကျပ်၊ ၁ဒေါ်လာ (၉၁.၃၀) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃)ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။

အပတ်စဉ် အများဆုံးတင်ပို့သည့် ပို့ကုန် (၁၀) မျိုးမှာဆပ်ပြာ၁ Kg လျှင် (၀.၅၂)ဒေါ်လာ၊ ၃၆၁၆ Kg လျှင် (၀.၀၀၂) ဒေါ်လာသန်း၊ ဇီးသီးထုပ် ၁ Kgလျှင် (၀.၃၃) ဒေါ်လာ၊ ၂၈၈၀ Kg လျှင် (၀.၀၀၁) ဒေါ်လာသန်း၊ စောင် ၁ Kg လျှင် (၀.၅၂) ဒေါ်လာ၊ ၄၀၉၅ Kg လျှင် (၀.၀၀၂) ဒေါ်လာသန်း၊ ဝေဖာ ၁ Kg လျှင် (0.၆၄)ဒေါ်လာ၊  ၃၁၂၀ Kg လျှင် (၀.၀၀၂) ဒေါ်လာသန်း၊ သုံးဆင့်စင် ၁ Kg လျှင် (၀.၄၀)ဒေါ်လာ၊ ၄၀၀၀ Kgလျှင် (၀.၀၀၄) ဒေါ်လာသန်း၊ ဖိနပ် ၁ 2Uလျှင် (၀.76) ဒေါ်လာ၊ 1250 2U လျှင် (၀.၀၀1) ဒေါ်လာသန်း၊ ခေါက်ဆွဲ ၁ Kg လျှင် (0.၂၉)ဒေါ်လာ၊  ၁၀၄၀၀ Kg လျှင် (၀.၀၀၃) ဒေါ်လာသန်း၊ ငါးသေတ္တာ ၁ Kgလျှင် (0.၂၉)ဒေါ်လာ၊  ၈၅၆၇ Kg လျှင် (၀.၀၀၂) ဒေါ်လာသန်း၊ကွေကာအုပ် ၁ Kg လျှင် (0.၂၉) ဒေါ်လာ၊  ၁၃၆၆၇Kgလျှင် (၀.၀၀၄) ဒေါ်လာသန်းတို့ဖြစ်ပြီးယခုအပတ် သွင်းကုန်ပိုင်း တွင် ဆောင်ရွက် နိုင်မှုမရှိခဲ့ပါကြောင်း၊ ငါးသေတ္တာ၊ အချိုရည်တို့၏ သယ်ယူစရိတ်မှာ(၁၂) ဘီးတစ်စီး လျှင် (၁၅.၈) တန်ခန့်ကုန်ပိဿာအနေဖြင့် (၉၅၀၀) မှ (၁၀၀၀၀) ပိဿာထိသယ်ဆောင်နိုင်ပြီး သယ်ယူ စရိတ် အနေဖြင့် (၁၂) ဘီးတစ်စီးလျှင် (၁၉၀၀၀၀၀/- မှ ၂၁၈၅၀၀၀/-)ထိရှိသည်။ ဝေဖာ၊ ဖိနပ်၊ စောင်၊ ဇီးသီးထုပ်၊ ဖယောင်း ပုဆိုး၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်အိတ်နှင့် မိတ်ကပ်တို့၏ သယ်ယူစရိတ်မှာ  (၁၂) ဘီးတစ်စီးလျှင် (၈) တန်ခန့် ကုန်ပိဿာအနေဖြင့် (၄၈၀၀) မှ (၅၀၀၀) ပိဿာထိ သယ်ဆောင် နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂) ဘီးတစ်စီး လျှင် (၁၁၀၄၀၀၀/ -မှ ၁၁၅၀၀၀၀/-) ထိရှိသည်။ Nitrogen Fertilizer, Neem Coated Urea Fertilizer (Mukta) အမျိုးအစားဓာတ်မြေဩဇာအား တစ်အိတ်လျှင် (၄၅/၅၀) Kg ၊ အိတ်ရေ(၃၀၀) ခန့်ဖြင့်(၁၂) ဘီးတစ်စီးလျှင် (၁၆)တန်ခန့် တင်ဆောင်နိုင်ပြီး ကလေး-မန္တလေးသယ်ယူစရိတ်အနေဖြင့် (၁၀)သိန်းမှ (၁၂)သိန်းရှိကြောင်းသိရှိရပါသည်။ ဆံပင်အား တစ်အိတ်လျှင်(၃၀)Kg၊ အိတ်ရေ (၁၄၀)ခန့်ဖြင့် (၆)ဘီးတစ်စီးလျှင်(၄)တန်ခန့် တင်ဆောင်နိုင်ပြီး တမူး-  မန္တလေးသယ်ယူစရိတ်အနေဖြင့်(၁၀) သိန်းခန့်ဖြင့် သယ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

အဆင်းကုန် ကုန်ကျစ်/ကုန်ပွ ကားခတစ်ပိဿာ‌စျေးနှုန်း၊ ကုန်စုံဖြစ်လျှင် ယာဉ်အမျိုးအစား အလိုက် ကားခစျေးနှုန်းမှာ ကုန်ကျစ်တစ်ပိဿာလျှင် (၁၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကုန်ပွ တစ်ပိဿာလျှင် (၁၇၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊  (၁၂)ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ် ဖြစ်ပါက (၁၅.၈) တန် ခန့်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်ပါက (၈) တန်ခန့်ဖြင့်လည်းကောင်း၊ (၁၂)ဘီး ယာဉ်အမျိုးအစား တစ်စီးလျှင်ကုန်ကျစ်ဖြစ်ပါက (၉၅၀၀)မှ(၁၀၀၀၀) ပိဿာထိတင်ဆောင်နိုင်ပြီး တစ်တန်သယ်ယူစရိတ်မှာ (၉၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်လျှင် (၄၈၀၀)မှ (၅၀၀၀) ပိဿာထိ တင်ဆောင်နိုင်ပြီး တစ်တန်သယ်ယူစရိတ်မှာ (၁၀၂၀၀၀)ကျပ်ဖြင့် လည်းကောင်း သယ်ယူပို့ဆောင် လျက်ရှိကြောင်းသိရှိရသည်။

ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ ၂၀၂၀ မတ်လ ၁၀ ရက်မှစ၍ ယနေ့ထိ ဂိတ်ပိတ်ထားဆဲဖြစ်ကြောင်းနှင့် မဏိပူရ်ပြည်နယ်တွင် ကူကီး(ချင်း)လူမျိုးများနှင့် ကသဲ လူမျိူးများအကြား အဓိကရုဏ်းဖြစ်ပွားပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိကြောင်းသိရှိရပြီး လုံခြုံရေး အခြေအနေနှင့် လမ်းပန်းဆက်သွယ်မှုအခြေအနေမှာ တမူး-ကလေး လမ်း‌ကြောင်းတစ်လျှောက်ရှိ ပန်းသာရွာနားအနီးတွင် လုံခြုံရေးအခြေအနေကြောင့် လမ်းကြောင်းများ ခေတ္တယာယီမျှသာပိတ်ထား ကြောင်း သိရှိရသည်။