မောတောင်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှ (၂၇)ရက်နေ့အထိ ကုန်သွယ်မှုအခြေအနေ

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှ (၂၇)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၅၀) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၁) ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၅၁)ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇွန်လ (၂၆)ရက်နေ့မှ( ၂၇ )ရက်နေ့ အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၈.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၉) သန်း၊ ပုဇွန် (၀.၄၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉) သန်း၊ ကဏန်း (၁.၄၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ အသီးများ(၂.၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ  (၀.၀၀၁)သန်း တင်သွင်းနိုင်ခဲ့သည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း မှာ- ငါးမျိုးစုံ(၁၁၅၈.၉၃)ဒေါ်လာနှုန်း၊ (၁၈.၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၁၉)သန်း၊ ပုဇွန် (၁၉၆၄၂.၈၆) ဒေါ်လာနှုန်း၊ (၀.၄၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉)သန်း၊ ကဏန်း (၄၁၂၅.၀၀) ဒေါ်လာနှုန်း၊ (၁.၄၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ  အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ- သစ်သီး (၃၀၀.၅၁) ဒေါ်လာနှုန်း၊ (၂.၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်း ဖြစ်သည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ(၆၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်းသိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှုလမ်းကြောင်းမှာ ကောင်းမွန်လျက်ရှိသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၈-၆-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ်(၁)သိန်းလျှင် ဘတ်(၁၁၄၀)၊ (၁)ဘတ်လျှင် မြန်မာငွေကျပ် (၈၇.၇၂)ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။