မောတောင်ကုန်သွယ်ရေးစခန်းမှ ငါးသေတ္တာဘူးခွံများတင်သွင်းလျက်ရှိ

          တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသရှိ စက်ရုံများမှ ငါးသေတ္တာဘူးခွံများထုတ်လုပ်လျက်ရှိရာ ငါးသေတ္တာဘူးခွံလိုအပ်ချက်မှာလဲ နေ့စဉ်မြင့်မားလာသည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ငါးသေတ္တာဘူးခွံများကို အသုံးပြုကြသော်လည်း Demand များလာသည့်အချိန်များတွင် ပြည်ပမှလည်း မှာယူတင်သွင်းကြသည်။

          မောတောင်နယ်စပ်ကုန်သွယ်ရေးမှလည်း ငါးသေတ္တာဘူးခွံများကို တစ်ဖက်နိုင်ငံမှ တင်သွင်း လျက်ရှိရာ (၁-၅-၂၀၂၃) ရက်နေ့မှ (၉-၅-၂၀၂၃) ရက်နေ့အထိ ငါးသေတ္တာဘူးခွံအလုံးရေ (၁၀၀၀၀၀) ဝန်းကျင် တင်သွင်းခဲ့ပြီး လက်ရှိပေါက်စျေးအနေဖြင့် (၁) Uလျှင် (၀.၄၁၂) ဘတ်ပေါက်ဈေးရှိကြောင်း သိရှိရ သည်။