မောင်တောကုန်သွယ်ရေးစခန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၊ ဖေဖေါ်ဝါရီလ လျာထားချက်အပေါ်(၅၀ %) ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၁၃ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ ဖေဖော်ဝါရီလ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၄၀) ဒေါ်လာသန်း ဖြစ်ပါသည်။ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၅၂၅) ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၅၂၅) ဒေါ်လာသန်း ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ပြီး ဖေဖော်ဝါရီလ၏ တစ်လလုံး လျာထားချက်အပေါ် (၅၀%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည့်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းများမှ ကွမ်းသီး၊ ထန်းလျက်၊ အုန်းသီး၊ ငရုတ်သီးခြောက်(အညှာပါ)၊ ရေထွက် ကုန်ပစ္စည်းများမှ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးစုံလေးခြောက်၊ ပစွန်ခြောက်နှင့် စက်မှုကုန်ချောပစ္စည်းများမှ ဆီးယိုထုပ်၊ ကော်ဖီမစ် တို့တင်ပို့နိုင်သည်။