ကော့သောင်းကုန်သွယ်ရေးစခန်းမှ ရေထွက်ပစ္စည်းပိုမိုတင်ပို့မှု
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၅၃၃၁)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၄.၉၃၁)သန်း၊ သွင်းကုန်တန်ချိန် (၅၅၂၄)၊ (၂၅၇၅) BBL၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၄၇၅)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၀၆သန်း ဖြစ်သည်။ တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ အုန်းဖက်အက်ဆစ် တို့ဖြစ်ပြီး၊ အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဓာတ်ဆီ၊ ဒီဇယ်၊ ပီလောပီနံမှုန့်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ ဆိုဒီယမ် ကာဗွန်နိတ်၊ အနံ့ရည်၊ ဆား၊ ရေခဲပုံး၊ ဆီလီကွန်၊ မီးသွေးမှုန့်၊ ထုံးမှုန့်၊ ကုန်စုံ တို့ဖြစ်ကြောင်း သိရှိရသည်။