ြမိတ်ြမို့တွင်ကုန်သွယ်မှုလုပ်ငန်းများကောင်းမွန်လျက်ရှိ

ဖေဖော်ဝါရီလ (၁၃) ရက်

          မြိတ်ဒေသမှ တစ်ဖက်ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့မှ (၁၃) ရက်နေ့အတွင်း အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်ဖြင့် ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းမှ ပရာကျွတ် ကရီခမ်သို့ ငါးမှုန့် (၁၆၉၈.၅၀) တန်၊ တန်ဖိုး (၁.၅၂၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ထို့အပြင် မြိတ် ဒေသထွက် ရော်ဘာ (၁၀၀၈.၀၀) တန်ကိုလည်း မလေးရှားနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တန်ဖိုး ဒေါ်လာသန်း (၁.၁၁၄) သန်းခန့် တင်ပို့ နိုင်ခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏတန်ဖိုး (၂.၆၄၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါ သည်။