တာချီလိတ်ဒေသကုန်သွယ်မှု

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ပို့ကုန်အပိုင်းတွင် ယခင်သီတင်းပတ်ထက် ပုဇွန်ဖွဲနှင့် ဘူးခွံအဟောင်းများ လျော့နည်းတင်ပို့ခဲ့သော်လည်းပြောင်း (၁၈၉၆)တန်၊ တန်ဖိုး (၀.၆၂၁) ဒေါ်လာသန်း၊ ဆေးရွက်ကြီး (၂၈) တန်၊ တန်ဖိုး(၀.၀၁၄) ဒေါ်လာသန်း၊တံမြက်စည်း (၂၂ )တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ကတ္ထူစက္ကူအဟောင်း(၂) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ပလတ်စတစ် ဘူးခွံဟောင်း (၂ ) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်းနှင့် လိမ္မော်သီး (၇၉.၂) တန်၊ တန်ဖိုး(၀.၀၁၂) ဒေါ်လာသန်းပိုမိုတင်ပို့ခဲ့သောကြောင့် ပို့ကုန်တန်ဖိုးပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။ ငွေလဲနှုန်းအနေဖြင့် ယခုအပတ်တွင် ကျပ်ငွေ (၁)သိန်း လျှင် (၁၁၆၅) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ သွင်းကုန်အပိုင်းတွင် ယခင်သီတင်းပတ်ထက် ဘိလပ်မြေ၊ လယ်ထွန်စက်များ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ သွပ်ပြား၊ ဆပ်ပြာနှင့် အားကစားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့ပါသည်။ သို့သော် စက်နှင့်စက်ပစ္စည်းများ၊ လျှပ်စစ် ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ တွင်းထွက် (သတ္ထုတွင်းမှအပ) ဆောက်လုပ်ရေး ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ လုပ်ငန်းသုံးသီးနှံဆီများ၊ ဓါတုဗေဒပစ္စည်းများ၊သုတ်ဆေး၊ ပေါလစ်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများနှင့် သံ၊ သံမဏိပစ္စည်းများ၊ သတ္ထုကုန်ကြမ်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများပိုမိုတင်သွင်းနိုင်ခဲ့ခြင်းကြောင့် သွင်းကုန်တန်ဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။ ငွေလဲနှုန်းအနေဖြင့် ယခုအပတ်တွင် ကျပ်ငွေ (၁)သိန်း လျှင် (၁၁၆၅) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။