ြမဝတီကုန်သွယ်ရေးဇုန် ၏ ကုန်သွယ်မှုအခြေအနေ

     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့်(၇-၂-၂၀၂၃)ရက်နေ့မှ(၁၁-၂-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိပါသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများမှာ ပီလောပီနံ၊ ကွမ်းရွက်၊ နှမ်း၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ မြေပဲ၊ ဆန်ကွဲ၊ ကြက် သွန်နီ၊ ဆန်မှုန့်၊ မန်ကျည်းသီး၊ နနွင်း၊ ပြောင်းစေ့နှင့် ဇီးဖြူသီး တို့ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ငါးတီး၊ အုန်းငါးမုတ်၊ ပုစွန်၊ ငါးသလောက်၊ ကကူယံ၊ ငါးရှဉ့်၊ ငါးခွေးလျှာ၊ ငါးပါးနီ၊ ကဏန်း၊ ငါးဓါးလွယ်၊ ငါးမြစ်ချင်းစီဖောင်းနှင့် ငါးမီးသန်သွယ်ခြောက်တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ် အထည် အလိပ်များ တင်ပို့လျက်ရှိပါသည်။

          အများပို့ကုန်ပစ္စည်းများအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ သစ်သီး၊ ပြောင်းစေ့၊ CMP၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ နှမ်း၊ ဖြတ်စ(အလူမီနီယံဘူးခွံ)၊ ငရုတ်၊ ပီလောပီနံ၊ မန်ကျည်းသီး၊ ခဲသတ္တု၊ ရေထွက်ကုန်ပစ္စည်း၊ ဆန်ကွဲ၊ ဂေါ်ဖီထုပ်၊ Transformer and Choke Coil Part နှင့် အခြားကုန်ပစ္စည်းတို့ဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ အသုံးပြုလာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ခြင်းကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင် နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါသည်။

          အများဆုံးပို့ကုန်ပစ္စည်းများဖြစ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန် နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေးလျက်ရှိပါသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် လယ်ထွန်စက်၊ အသုံးပြုပြီးစက်လှေကား၊ အားကစားပစ္စည်း၊ လူသုံး ကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ဆေး၊ Packing Materials၊ သုတ်ဆေး၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ သစ်သီး၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်အရှင်၊ ဓာတ်မြေဩဇာ၊ လျှပ်စစ်ပစ္စည်း၊ စက်ဘီး၊ စာရေးကိရိယာ၊ အဝတ်အထည်၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ Garment နှင့် စက်ဆီ/ချောဆီတို့ တင်သွင်းလျက် ရှိပါသည်။

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ စာရေးကိရိယာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ သစ်သီး၊  စားသောက်ကုန်၊ စက်မှုကုန်ကြမ်းပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဘီး၊ အိမ်သုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ Garment ၊ စက်နှင့်စက်ပစ္စည်း၊ ဆေး၊ ယာဉ်/ယန္တရားပစ္စည်း၊ တိရစ္ဆာန် အစာ၊ အဝတ်အထည်၊ ထုပ်ပိုးပစ္စည်း၊ သုတ်ဆေး၊ ဖိနပ်နှင့်ဖိနပ်အပိုပစ္စည်း၊ ကားအပိုပစ္စည်းနှင့် အခြားကုန် ပစ္စည်းတို့ဖြစ်ပါသည်။

          (၅-၁-၂၀၂၃)ရက်နေ့မှစ၍ မြဝတီကုန်သွယ်မှုလမ်းကြောင်းများ ပုံမှန်ဖြစ်ပေါ်လာပြီး ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ပြောင်းဆံများ တိုးမြှင့်တင်ပို့လာနိုင်ခြင်းနှင့် တရုတ် နှစ်သစ်ကူးနောက်ပိုင်း တစ်ဖက်နိုင်ငံမှ လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လာခြင်းတို့ကြောင့် ဘတ်စျေးများ တဖြည်းဖြည်း ကျဆင်းလျက်ရှိပါသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၅.၈၃)ကျပ်ထိရှိခဲ့ပြီး ယခုအပတ်တွင် (၈၅.၄၇) ကျပ်ခန့်အထိရှိရာ ဘတ်စျေးအနည်းငယ်ပြန်ကျလာသဖြင့် သွင်းကုန်များ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရှိ ရပါသည်။