ဒီဇင်ဘာလနောက်ဆုံးအပတ်တွင် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့နိုင်မှု အြေခအနေ
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတဆင့် စဉ်ဆက်မပြတ်တင်ပို့လျက်ရှိသည်။
အဆိုပါကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ တက္ကနဗ်မြို့သို့ တင်ပို့လျက်ရှိရာဒီဇင်ဘာလနောက်ဆုံးအပတ်တွင် မန်ကျဉ်းစေ့၊ ဆီးဖတ်၊ အုန်းသီးခြောက်၊ ချင်း(အစို)နှင့် စစ်တုံဥတို့အပြင် ငါမုတ်ဖြူ၊ ငါမုတ်မဲ၊ ငါးနီတူခြောက်တို့ကို အမေရိကန်ဒေါ်လာသန်းပေါင်း (၀.၂၃၀၇) ဒေါ်လာသန်း တင်ပို့ခဲ့သည်။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့အဆိုပါကုန်ပစ္စည်းများတင်ပို့ခဲ့သည့် တန်ဖိုးမှာယခင်အပတ်နှင့် နှိုင်းယှဉ်ပါက (၀.၀၁၂၃) ဒေါ်လာသန်းပိုမိုတင်ပို့ခဲ့သည်။