တာချီလိတ်မှ တရုတ်နှင့် ထိုင်းသို့ မြန်မာ့ထွက်ကုန်များ တင်ပို့

     ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့

      တာချီလိတ်ဒေသမှ တစ်ဖက် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုပြုရာတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့တွင် တရုတ်နိုင်ငံသို့ ရော်ဘာစေး တန်ချိန် (၄၀)တန်၊ တန်ဖိုး(၀.၀၃၃) ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့သည်။ ထို့အပြင် ပုစွန်ဖွဲ (Dried Shrimp Bran)ကို တရုတ်နိုင်ငံသို့ တင်ပို့မှုရှိပြီး တန်ချိန် (၆၂၆)တန်၊ တန်ဖိုး (၀.၃၁၃) ဒေါ်လာသန်းကို ကျိုင်းလပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ သည်။ တစ်ဖက်ထိုင်းနိုင်ငံသို့ ကတ္ထူစက္ကူအဟောင်း (၈)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်းနှင့် ပလတ်စတစ် ဘူးခွံအဟောင်း (၁၆)တန်၊ တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်းခန့်တို့ကိုလည်း တင်ပို့နိုင်ခဲ့သည်။ တာချီလိတ် ဒေသ၏ ကုန်သွယ်မှုလမ်းကြောင်းမှာလည်း တည်ငြိမ်ကောင်းမွန်လျက်ရှိသည်။ ပြင်ပငွေလဲနှုန်းမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာကျပ်ငွေ (၁)သိန်းလျှင် (၁၂၅၀)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၈၀)ကျပ်ဝန်းကျင်ခန့် ပေါက်စျေးဖြစ်ပေါ်နေသဖြင့်  မြန်မာကျပ်ငွေတန်ဖိုး အနည်းငယ်ကျဆင်း လျက်ရှိ သည်။