လွယ်ဂျယ်နယ်စပ်ဒေသမှ စက်တင်ဘာလအတွင်း ဆန်ကွဲတင်ပို့မှုပိုမို

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ  ၃ ရက်နေ့

လွယ်ဂျယ်နယ်စပ်မှ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ၌ ဆန်ကွဲကားစီးရေ (၂၆) စီး၊ တန်ချိန် (၇၄၆)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၂၄၈၅၇၉) သာတင်ပို့နိုင်ခဲ့သော်လည်း စက်တင်ဘာလ (၂၇) ရက်နေ့အထိဆန်ကွဲတင်ပို့ နိုင်မှုမှာ ကားစီးရေ (၅၂) စီး၊ (၁၃၇၉.၅၀) တန်၊တန်ဖိုး အမေရိကန် (၄၆၈၂၀၀) ဒေါ်လာ ပိုမိုတင်ပို့နိုင်ခဲ့သည်။ ဩဂုတ်လ တင်ပို့မှုထက် (၂၆) စီး၊တန်ချိန် (၆၃၃.၅၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၉၆၂၁)ဖိုးပိုမိုတင်ပို့ နိုင်ခဲ့သည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန် ဖြစ်သည့် ဆန်၊ ဆန်ကွဲမှာ ဗန်းမော် ခရိုင်အတွင်းမှ ထွက်ရှိပြီး မိုးစပါးစိုက်ဧက (၁၁၁၃၅၂)မှ (၇၅၃၇၀၅၀)တင်း ထွက်ရှိကြောင်း၊ နွေစပါးစိုက်ဧက (၆၁၉၁)၊ စပါး (၃၄၂၅၄၉)တင်း ထွက်ရှိကြောင်း သိရှိရသည်။