ယှဉ်ပြိုင်မှုမူဝါဒ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ယှဉ်ပြိုင်မှုမူဝါဒ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
==================================================
ယှဉ်ပြိုင်မှုမူဝါဒ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၁၀-၁၂-၂၀၁၅ ရက်နေ့တွင် ရုံးအမှတ်(၃)၊ တိုးချဲ့အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့မှ လက်ရှိ ယှဉ်ပြိုင်မှုနည်းဥပဒေ ရေးဆွဲဆောင်ရွက်နေမှုအခြေအနေများနှင့် နည်းဥပဒေပါအချက် များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ယှဉ်ပြိုင်မှုဥပဒေ လေးစားလိုက်နာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ယှဉ်ပြိုင်မှုနည်းဥပဒေများကို ဆက်လက်ပြဌာန်းရန်လိုအပ်ပါသဖြင့် ကုန်သွယ်ရေးဦးစီးဌာနမှ မူကြမ်းပြုစုထားသည့် ယှဉ်ပြိုင်မှုနည်းဥပဒေများအပေါ် အကြံပြုဆွေးနွေးရန် ရည်ရွယ်၍ပြုလုပ်သည့် အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနမှအရာထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာ့အာမခံလုပ်ငန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဖရက်ဒရစ်နော်မန်ဖောင်ဒေးရှင်းမှ အရာထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 
MmCC - မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ's photo.
MmCC - မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ's photo.
MmCC - မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ's photo.