နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISCs)များမှ ဦးဆောင်သူများနှင့်အဖွဲ့ဝင်များအတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင်လ ၁၅ 
   နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISCs) တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားသော ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ Technology and Innovation Support Center (TISCs) ဦးဆောင်သူများနှင့်အဖွဲ့ဝင်များအတွက် ဆွေးနွေးပွဲအစီအစဉ်များအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ တစ်လလျှင် (၂)ကြိမ် Online ဖြင့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပထမအကြိမ်အဖြစ် ဆွေးနွေးပွဲကိုစတင်ပြုလုပ်ခဲ့ပါသည်။ 
   အဆိုပါဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဘာသာရပ်ဆရာ/ဆရာမများနှင့် TISCsဦးဆောင်သူများနှင့်အဖွဲ့ဝင်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
    ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာနှင်းနွယ်အေးက မူပိုင်ခွင့်အကြောင်း သိကောင်းစရာများအား မိတ်ဆက်ဆွေးနွေးခဲ့ပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်၊ ဆက်နွှယ်သည့်အခွင့်အရေး၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် ဒေသဆိုင်ရာအညွှန်းတို့နှင့်စပ်လျဉ်း သည့်သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသော TISCs ဦးဆောင်သူများနှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဆွေးနွေးပွဲကို ၁၂:၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။